မနက်ခင်းတစ်ခု၀ယ် မိသားစုလေးယောက်သည် ခရီးသွားဖို့ ပြင်ဆင်နေကြ၏။ ကလေးနှစ်ယောက်မှာပထမဆုံး ခရီးသွားရမှာမို့ ပျော်ရွှင်တက်ကြွကာ အစောကြီးထပြီး အခန်းထဲဗြောင်းဆန်အောင် ပတ်ပြေးနေကြလေသည်။ ဒီနေ့တော့ လပြည့်ရွာကို ကလေးတွေရော မိသားစုလိုက် သွားလည်ကြမလို့ပင်။ ကလေးတွေ3နှစ်ပြည့်ပြီးမှ ပထမဆုံးသွားရမှာမို့ လပြည့်ကိုယ်တိုင်လည်း ရင်ခုန်စိတ်လှုပ်ရှားနေ၏။
အမွှာလေးတွေက မေမေ့ရွာကိုသွားမယ်ဆိုတော့ မေမေ့ရွာကဘယ်လိုမျိုးလဲ...ရွာဆိုတာ ဘာပြောတာလဲနှင့် ညကလည်း စုံနေအောင်မေးနေကြသည်။ ဒီမနက်လည်း အစောကြီးနိုး၍ မေမေ့ရွာသွားမယ်ဆိုကာ မောင်နှမနှစ်ယောက်ပတ်ပြေးနေကြလို့ မနည်းလိုက်ထိန်းနေရတယ်။
"ကဲ သားနဲ့သမီး ခါးခါးလိမ်းမယ် လာခဲ့တော့"
"ဟုတ်"
"ဟုတ် မေ့"
ကိုကိုအရန်သင့်သွေးပေးထားတဲ့ သနပ်ခါးကို ကလေးနှစ်ယောက်ရဲ့ မျက်နှာမှာ ဖွေးနေအောင်လိမ်းပေးပြီး လက်တွေမှာပါလိမ်းပေးလိုက်သည်။ နေ့ခင်းနေပူမှာနဲ့ဆိုတော့ ဒါမှအပူဒဏ်သက်သာမှာ။ ဒါတောင် အပူသက်သာအောင်ဆိုပြီး ဖေဖော်ဝါရီလကိုရွေးလာခဲ့ရတာ။ ဒီအချိန်က တအားမပူသေးတော့ ခရီးသွားလို့လည်း ကောင်းတယ်လေ။
"ကဲ ပြီးပါပြီ... ငြိမ်ငြိမ်လေးထိုင်နေအုံးနော်"
(ဟုတ်)၂
"ပစ္စည်းတွေထည့်တာ စုံပြီလား ကလေး"
"ဟုတ် စုံနေပြီ...ကလေးတွေ အင်္ကျီလဲပေးလိုက်အုံးကိုကို ၊ ကုတင်ပေါ်မှာတင်ထားတယ်"
"သားနဲ့ သမီးလာ...ဖေအင်္ကျီလဲပေးမယ်"
သင်္ခခေါ်တော့ လုံးနေအောင်ပြေးလာကြတဲ့
နှစ်ယောက်။ ကလေးနှစ်ယောက်လုံးက ပြောရင်နားထောင်ပြီး လိမ္မာတဲ့ဉာဉ်လေးက အသေးလေးကိုသွားတူလို့ တော်သေး။
"ဘရူး ဘရူး..."
"အဟား...ဟုတ်တယ်ကွာ အပြာရောင်လေး၀တ်မှာ...ငါ့သားက တော်တယ်ကွာ ဘယ်သူသင်ပေးတာလဲ"
"မေ...မေ..."
အငယ်ကောင်က သူ့ကို၀တ်ပေးမဲ့ အင်္ကျီအရောင်ကို ကြည့်၍ blue လို့တန်းပြောတော့တာ။ ဒီအရွယ်လေးနဲ့ အရောင်တွေမှန်မှန်ပြောနိုင်နေပြီ။ ဉာဏ်ကတော့ ကောင်းသလားမမေးနဲ့။ ဒါလည်း သူ့အမေ အသေးလေးတော်လို့။
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Любовные романыintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ
