Extra 3 (zawgyi )

4.8K 40 0
                                        

"အယ် မမခက် ဘယ်ကဘယ်လိုလှည့်လာတာလဲ"

လပြည့်နဲ့ကိုကို ကလေးကျောင်းကြိုပြီးပြန်အလာ
မမခက်ကိုတွေ့လိုက်ရတာကြောင့် လပြည့်ဝမ်းသာအားရ သွားနှုတ်ဆက်လိုက်၏။ ကလေးတွေကလည်း သူ့တီခက်ကိုတွေ့တော့ အပြေးသွားဖက်ကာ

"တီခက် မီးတို့ဆီမလာတာ ကြာ...ကြာလှပြီရော်"

"ဟုတ်တယ် တီတီခက်က ခခတို့ကိုမချစ်တော့ဘူး"

"အမလေးတော်... ကျွန်မမှာ ဒါလေးတွေမချစ်လို့ ဘယ်သူ့သွားချစ်ရမလဲ ပြောပါအုံး"

"ဟွန့်! အာ့ဆို ဘာလို့မလာတာလဲ"

"တီတီခက်က အလုပ်တွေရှုပ်နေလို့ပါ... ခခနဲ့တုတုအတွက် မုန့်တွေဝယျလာတယျ ရေခဲမုန့်လည်းပါတယ် ရေခဲသေတ္တာထဲမှာ"

(ယေး.... တီခက် အကောင်းဆုံး မွမွ...!)2

"မမ ရေခဲမုန့်သွားစားရအောင်လေ"

"အွန်း သွားမယ်လေ... မေ...မီးတို့ကို ရေခဲသေတ္တာထဲက ရေခဲမုန့်လေးယူပေးပါအုံးရှင့်"

"မီးဖိုထဲမှာ ကြီးကြွယ်နဲ့ မိုးမိုးတစ်ယောက်ယောက်ရှိမှာ ယူခိုင်းလိုက်နော်... မေက တီခက်နဲ့ စကားပြောလိုက်အုံးမယ်"

"ဟုတ် မေ...လာ ခခလေး သွားကြမယ်"

မောင်နှမနှစ်ယောက်လက်ချင်းချိတ်သွားတာကို လူကြီးသုံးယောက်မှာ ပြုံး၍ကြည့်နေမိကြ၏။ ဒီအမွှာနှစ်ယောက်က ရန်ဖြစ်တယ်ဆိုတာ ရှားတယ်။ နှစ်ယောက်က အရမ်းချစ်ပြီး တုတုလေးက သူ့မောင်လေးကို ညှာတာမို့ ပိုတည့်တာလည်းပါလိမ့်မည်။

"မမခက် ဘယ်ကလှည့်လာတာလဲ"

"အဟင်း...ဒီကိုသက်သက်လာခဲ့တာပါရှင် ရှင်လေးတို့ကို surprised တိုက်ဖို့"

"အင်..."

လပြည့်မျက်လုံးလေးအဝိုင်းသားဖြစ်သွားရသည်။ ကိုကိုကတော့ ကြိုသိနေပုံနဲ့

"ဘာလဲ ယောက်ျားယူတော့မှာလား"

"ဟင် သင်္ခနင်ဘယ်လိုသိ! ငါဟိုကောင်တွေဆီမရောက်သေးပါဘူး"

"အဟွန်း! နင် ဟိုဖုန်း showroom ကကောင်နဲ့
တတွဲတွဲဖြစ်နေကတည်းက ငါရိပ်မိပါတယ်"

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now