မနက်ခင်းဝေလီဝေလင်းအချိန်ဖြစ်သည်။
အောက် အီး အီး အွတ်.....
အောက် အီး အီး အွတ်.....
အကောင်တစ်ခုခုအော်သံကြောင့် ခခအိပ်နေရာမှာ နိုးလာခဲ့သည်။ ထို့နောက် ဘာမှန်းမသိတဲ့အသံကြောင့် အစ်မဖြစ်သူကို လက်သေးသေးလေးတွေ အရင်လှုပ်နှိုးလိုက်၏။
"မမ...မမ..."
"မမ...မမ..."
အင်မတန်အိပ်ပုပ်ကြီးလှတဲ့ အစ်မဖြစ်သူကြောင့် ခခမျက်နှာလေး ရှုံ့ခွက်သွား၏။ သို့သော် ဇွဲမလျှော့ပဲ
"မမ...မမ..."
"ဟင်...အင်း....ခခရေး...ဘာဖြစ်ရို့ရဲ"
"အကောင်အော်သံရီး ကြားရရို့...နားထောင်ကြည့်
မမ"
အောက် အီး အီး အွတ်...
"ဟုတ်တယ်နော်...ဘာသံရီးရဲ မတိဝူး"
"မေနဲ့ ဖေကို နှိုးကြမရားဟင်..."
"နှိုးပါနဲ့ ခခရဲ့ ကြောက်ရင်မမဖက်ထားပေးမယ်ရေ"
"ကြောက်ပါဝူး...ဘာကောင်အော်တာရဲ တိချင်ရို့ မေးကြည့်ချင်ရို့ပါ"
"မမတို့ မေမေနိုးမှ မေးကြည့်ရအောင်"
"ခခအိပ်ချင်တော့ဝူး"
"မမတို့စကားပြောကြမယ်ရေ"
ထို့နောက် တစ်ညလုံးအတူတူ ဖက်အိပ်ထားကြတဲ့ မောင်နှမနှစ်ယောက်သည် စကားမပြောရတာ အတော်ကြာနေပြီမို့ တက်တက်ကြွကြွဖြင့် စကားပြောဖို့အကြောင်းအရာရှာကြတော့သည်။
"မမ ခရီးတွားရတာ ပျော်ရားဟင်"
"ပျော်တာပေါ့...ထူးချန်းတာတွေ ညားရီးတွေ့ရတယ် ခခရော"
"ခခရဲ ပျော်တယ် ဟီး..."
"ခခတို့ ဖေနဲ့မေနိုးကာကျ အထူးချန်းတွေ လိုက်ပြခိုင်းရအောင်"
"အင်း လိုက်ပြခိုင်းမယ်လေ"
"မမ ဖေကရေ မေ့ကိုချို တအားချစ်တာနော်"
"မမတို့ကိုလည်း ချစ်ပါတယ်"
"မေ့ကိုပိုပါတယ် ဖေကရေ မေ့ကို ကရေးရေးလို
ချစ်တာ အာ့ကြောင့် ကရေးရေးရို့ ခဏ ခဏ ခေါ်တာပေါ့"
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Romanceintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ
