ကိုယ်၀န်၆ပတ်မြောက်မှာတော့ ခန္ဓာကိုယ်က
တဖြေးဖြေးစတင်ပြောင်းလဲလာခဲ့သည်။ ဗိုက်လေးကမဆိုစလောက်လေးဆူထွက်လာ၏။ ထို့ကြောင့်မြန်မာ၀မ်းဆက်တွေအစား ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ကာတွန်း၀မ်းဆက်တွေသာ ရွေး၀တ်ဖြစ်တော့သည်။ကိုကိုကတော့ ဗိုက်ကိုအရမ်းတင်းတာတွေမ၀တ်စေချင်ဟုဆိုကာ မျှော့ချောင်တာတွေရှာဝယ်ပေးလာ၏။
ရင်သားတွေမှာလည်း နဂိုထက်ပိုထွက်လာကာ တင်းပြီးနေရခက်လာသည်။ အရင်အပတ်ကထိ သွက်လက်နေသမျှ လူကနွမ်းလျကာ မလန်းမဆန်းဖြစ်လာပြီး ခန္ဓာကိုယ်အပြောင်းအလဲဖြစ်လာတဲ့အပေါ်လည်း
စိတ်ကအသားမကျဖြစ်နေ၏။
စစချင်းက ထမင်းမစားချင်ရုံလောက်ဆိုပေမဲ့ အခုတော့ဘာမှကိုအာသိသမဖြစ်သည့်အပြင် ဟင်းချက်တွေမြင်ရင်ကို အန်ချင်လာလို့ လပြည့်မီးဖိုခန်းထဲကိုမ၀င်ဖြစ်တော့။ ကိုကိုကတော့ လပြည့်စားချင်မယ်ထင်တာလေးတွေ၀ယ်၀ယ်လာတတ်ပေမဲ့ ဘာမှမစားနိုင်နဲ့ လူကမူးဝေနေတော့သည်။ ဟေမာန်ကလည်း လပြည့်ကိုဘာစားချင်လဲ ဘာလုပ်ပေးရမလဲနှင့် ဂရုစိုက်ရှာသည်။ ရွာကဖေကြီးနဲ့မေကြီးကတော့ လပြည့်ကိုယ်၀န်ရှိတာပြောပြီးကတည်းက တစ်ရက်ခြားတစ်ခါကိုဖုန်းဆက်နေတော့တာ။
ဖြစ်ချင်တော့ စာမေးပွဲဖြေဖို့ ၂ရက်အလိုမှာ လပြည့်စ
အန်တော့တာပဲ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပျို့အန်နေကာ လူကဘာမှမလုပ်နိုင်။ ရေသောက်လည်းအန်၊ အစားစားလည်းအန်မို့ ဘာမှမစားရဲသည်ထိ။ လပြည့်
စအန်ကတည်းက ကိုကိုဟာလည်း မျက်နှာကိုမကောင်းတော့။ အလုပ်ကိုလည်း နေ့လည်ရောက်မှသာ သွားရသည်။ ဘာကြောင့်ဆို တစ်မနက်လုံး မူးဝေ အန်သမျှက နေ့ခင်းရောက်ရင် သူမဟုတ်သလိုပြန်ပြန်ဖြစ်သွားတာကြောင့်။ အဲ့ဒီတော့ တစ်မနက်လုံးလပြည့်မသက်သာမချင်း ဆိုင်မသွား။ လပြည့်သက်သာပြီး နေသာပြီဆိုမှသာသွားသည်။ morning sickness က ကိုယ်၀န်သည်တိုင်းလိုလို ကြုံရတာမို့ ဘာမှလည်းမတတ်နိုင်ရှာ။
အခုလည်း အနည်းငယ်သက်သာတာနဲ့ အခန်းထဲမှာ
စာထိုင်ကြည့်နေစဉ် ထုံးစံမပြတ် ကိုကို့ဆီကဖုန်း၀င်လာတော့သည်။ သူအလုပ်သွားတဲ့နေ့တစ်ပိုင်းကို လပြည့်ဆီဖုန်း၅ခါလောက်ဆက်တဲ့ကိုကိုပါလေ။
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Любовные романыintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ
