ကျေးဇူးတင်လွှာ❤️

6.1K 280 50
                                        

9 လပိုင်းက စတင်ခဲ့တဲ့ ဇာတ်လမ်းလေးက 12လပိုင်း12ရက်‌နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ လေးလလုံး အတူလိုက်ပါပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီရော နောက်လာဖတ်မဲ့သူတွေရောကို ကျေးဇူးအများကြီးတင်ပါတယ်။

မန့်လေးတွေကလည်း တကယ်ကိုအားအင်ဖြစ်ခဲ့ရတာပါ။ တစ်ပိုင်းနဲ့တစ်ပိုင်းရေးတိုင်း မန့်လေးတွေ အထပ်ထပ်ဖတ်ပြီး အားအင်တွေယူခဲ့ရတာကို ၀န်ခံချင်ပါတယ်။

ဒီficလေးက breeze ရဲ့ လေးပုဒ်မြောက် ficလေးပေါ့နော်။ တကယ်တော့ breeze က‌ စာအရေးတော်တဲ့သူမဟုတ်ပါဘူး။ စာရေးရတာ ဝါသနာပါသူသပ်သပ်ပါ။ သို့သော် ကိုယ့်ရဲ့စာဖတ်သူတွေကိုတော့ အကောင်းဆုံးတွေပေးချင်တာမို့ တစ်ပိုင်းနဲ့တစ်ပိုင်းကို အချိန်အရမ်းယူခဲ့ရပါတယ်။  ရေးပြီးသွားရင်တောင်
မတင်မချင်း လေးငါးခါမက အထပ်ထပ်ပြန်ဖတ်ပြီး ဘယ်နားလေးလိုမလဲ၊ ဘယ်နားက ဖတ်ရတာထောက်နေမလဲ ပြန်ပြန်ဖတ်နေတာနဲ့ တစ်ပိုင်းတစ်ပိုင်းတင်ဖို့ကို ရေးလိုက်ပြန်ဖြည့်လိုက်နဲ့ တော်တော်အချိန်ယူခဲ့ရပါတယ်။

ဒါပေမဲ့လည်း ကြိုက်နှစ်သက်ကြတယ်ဆိုလို့ တကယ်၀မ်းသာရပါတယ်။
“ရှုမငြီးတဲ့ ချစ်ဇနီးလေး”ကိုဖတ်ရင်း စိတ်ကြည်နူးရတယ်၊ ခဏတာ စိတ်အပန်းပြေရတယ်ဆိုရင်ပဲ  ကျေနပ်ပါပြီ။ breeze ရဲ့ရည်ရွယ်ချက်က စာဖတ်သူတွေကို စိတ်ချမ်းမြေ့စရာလေးတွေ ပေးချင်တာပါ။ breeze ရေးတာလေးတွေ ဖတ်ကြည့်ရင် မြင်နိုင်မယ်လို့ထင်ပါတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာရဲ့ အတုယူစရာလေးတွေရောပေါ့။

ဒီထဲမှာတော့ သင်္ခနှိုင်းမာန်ရဲ့ ချစ်တဲ့မှုအ၀၀နဲ့ မိသားစုတွေရဲ့ ဖေးမမှုတွေကို ၊ စိတ်သဘောထားပြည့်၀မှုတွေကို တွေ့စေမြင်စေချင်တဲ့ ဆန္ဒလေး‌ရော ပါပါတယ်။ married life ဆိုတဲ့အတိုင်း ချိုချဉ်ငံစပ် အရသာပြည့်၀အောင် ကြိုးစားရေးပေးထားပါတယ်ရှင့်။
စာလုံးပေါင်းလေးတွေကိုလည်း အားရင်အားသလို ပြန်စစ်ပေးသွားမယ်နော်။

Extra အတွက်ကတော့ သေချာပြင်ဆင်ပြီး ပြန်လာခဲ့ပါ့မယ်။ ဆယ်ရက်လောက်တော့ အနားယူချင်ပါသေးတယ်။ အစကတော့ extra တစ်ပိုင်းပဲ ရေးဖို့တွေးထားတာပေါ့နော် ခု တောင်းဆိုသူတွေများလို့ 5ပိုင်းလောက်ထိ ရေးဖို့တွေးထားပါတယ်။

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now