"ဖေ့ ခခ မိုက်ရား..."
"ဟားဟား! မိုက်ပါ့ဗျာ ငါ့သားက အလန်းကွာ ရွာထဲကဆော်လေးတွေတော့ ငေးနေတော့မှာပဲ"
"ဟီးဟီး...ဖေရဲ ချော"
"ဟုတ်ပါပြီကွာ လာပါအုံး ဖေ ခါးခါးလေးမွှေးပါအုံးမယ်"
"ဖွဖွရေး မွှေးနော် ခါးခါးတွေ ပျက်ကုန်မှာချိုးရို့"
"ဟုတ်ပြီကွာ... မွ! မွ! ရှူး....! မွှေးနေတာပဲကွာ ဖေ့သားလေးက "
"ခစ်ခစ်...."
သင်္ခ သားဖြစ်သူရဲ့ ပါးတွေကို တရှုးရှူး မြည်အောင်မွှေးလိုက်တော့ တခစ်ခစ်နဲ့ ရယ်မောလာ၏။ တုတ်တုတ်ခဲခဲလေးနဲ့သားက အသားဖွေးဖွေးလေးကြောင့် တရုတ်ပေါက်လေးနှင့်ပင် တူနေသယောင်။ သူ့အမေလိမ်းပေးထားတဲ့ သနပ်ခါးတွေနဲ့ဆိုတော့ ပိုလို့ပင် ချစ်စရာကောင်းနေသေးသည်။ ခဏကြာတော့ သမီးလေးကပါ အပြင်ထွက်လာကာ
"ဖေ့ ဖေ့...မီး လှရား ဝါဝါရေးနဲ့"
"ဖေ့သမီးက စနှိုးဝိုက်မင်းသမီးလေးကျလို့ကွာ....မွ မွှေးလိုက်တာ မွ! မွ!"
"ခစ်...ခစ်....ခစ်.... ဖေ့နမ်းနဲ့တော့ "
"အလှကြိုက်တွေနော်...ဟွန်း မေကရော"
"မေ ခါးခါးရိမ်းတုံး...ဖေ့ပေါ်ထိုင်မှာ"
"လာကွာ...သားရော လာ ဖေ့ပေါ်ထိုင်မှာလား"
"ဟုတ်... ထိုင်မှာ...ဖေ အားချိ "
သားနဲ့သမီးကို ပေါင်ပေါ်တစ်ဖက်တစ်ချက် တင်ပြီး နှစ်ယောက်စလုံးကိုသိုင်းဖက်ထားလိုက်တော့ သင်္ခကိုပြန်ဖက်လာတဲ့ လက်သေးသေးလေးတွေ။ ဒါလေးတွေက သူ့အသည်းညှာလေးတွေ။ ဒီကလေးတွေက သူအလုပ်ကပြန်လာတိုင်း သူ့အပေါ်ပြေးတက်ပြီး တရှူးရှူးနမ်းတတ်သလို ဖေပင်ပန်းလာလား နှိပ်ပေးရမလားဆိုကာ စကားတွေနဲ့လည်း ခြွေသလို လက်ပိစိလေးတွေကလည်း ပုခုံးပေါ် နှိပ်နှယ်တတ်သေးတာ။ ဒါဟာလည်း သူ့အမေကို အတုယူပြီး တတ်လာတာတွေ။
အသေးလေးကလည်း သူပင်ပန်းလာတယ်ထင်ရင် သံပုရာရည်ဖျော်ပေး၊ နှိပ်ပေး လုပ်တတ်တော့ သားနဲ့သမီးက အတုယုပြီး သူ့အမေအတိုင်းလိုက်လုပ်တာ။
ပြောရရင် ဒီကလေးလေးတွေ လိမ္မာတာဟာ သူ့အသေးလေးရဲ့ သွန်သင်ဆုံးမမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေ၏။ သင်္ခမရှိတဲ့အချိန်ဆိုလည်း သူ့အမေကို ပြန်ဂရုစိုက်တတ်သေးတာ။ထမင်းစားရင် ဟင်းထည့်ပေးတာကစ၊ အိပ်နေရင် တိတ်တိတ်လေးဆော့နေတတ်တာအဆုံး အလိုက်သိတတ်တဲ့ ကလေးတွေဖြစ်သည်။ သူတို့ဂျီကျတဲ့အချိန်က နေမကောင်းထိုင်မသာဖြစ်တဲ့ အချိန်ပဲရှိတယ်။ ဖျားပြီဆိုလို့ကတော့ အကုန်ပေါင်း၍ ဂျီကျသလားမှတ်ရအောင်ထိ သူပါအလုပ်မသွားရပဲ ချော့ရသည်၊ အချိန်ပြည့်ချီထားရတတ်သည်။ ဒါကလည်း ကလေးတိုင်းလိုလို အတူတူပဲဖြစ်လိမ့်မည်။
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Romanceintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ
