Ep 32 (zawgyi )

7.2K 53 0
                                        

ရန်ကုန်ရဲ့ဆောင်းက မိုးဓာတ်ကလေးနဲ့မို့ ထူးထူးခြားခြားချမ်းအေးနေလေ၏။ ကျယ်ဝန်းတဲ့အခန်းကြီးတစ်ခုထဲတွင် မိသားစုလေးယောက်မှာ အချင်းချင်းဖက်လျက်သားဖြင့် အိပ်ပျော်လျက်ရှိနေကြသည်။ ပုံမှန်ဆို စောစောနိုးတတ်တဲ့ ကလေးတွေကလည်း အအေးဓာတ်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်ကွေးကွေးလေးအိပ်လျက်။ မောင်နှမနှစ်ယောက်ဘေးမှာတော့ ကလေးတွေပြုတ်မကျစေရန် လက်လေးနှင့်ထိန်းကာ ဖက်ထားတဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်ပိုင်ရှင်လေး ၊ သူ့နောက်မှာတော့ ရင်ခွင်ကျယ်ကျယ်ကြီးရှိသည့် လူသားတစ်ဦးဟာ ကျောဘက်ကနေပွေ့သိုင်းကာ သားအမိသုံးယောက်လုံးကို ရင်ခွင်ထဲထည့်ထားသည့်ပုံစံနှင့် အစီအရီအိပ်နေကြ၏။

အချိန်အနည်းငယ်ကြာပြီးနောက် အရင်ဆုံးနိုးလာတဲ့သူက လပြည့်ဦးသာ ဖြစ်၏။ သို့ပေမဲ့ အေးစိမ့်စိမ့်လေးဖြစ်နေတာမို့ ကလေးတွေကို စောင်လေးနဲ့သေချာပြန်လုံးထွေးပေးကာ မထသေးပဲ ပြန်ကွေးနေလိုက်သည်။ စာမေးပွဲလည်းပြီးပြီဆိုတော့ ဘယ်မှသွားစရာမရှိတာမို့ အိပ်နေလည်းကိစ္စမရှိ။

"အေးလိုက်တာ..."

"မထနဲ့အုံး အေးတယ်"

ခပ်တိုးတိုးရေရွတ်လိုက်ပေမဲ့ ဘယ်အချိန်ကနိုးနေမှန်းမသိသူက အနောက်ကနေ တိုးဖက်လာရင်း မထသေးဖို့ ပြောလာတာမို့

"နိုးနေပြီလား..."

"အင်း...မင်းလှုပ်နေကတည်းက နိုးတာ..."

"ဒီနေ့ တော်တော်အေးတယ်နော်"

"အင်း...ဟုတ်တယ် ညကမိုးတော်တော်ရွာတယ်ထင်တယ် "

"တော်သေးတယ် တုတု နဲ့ ခခ အစောကြီးမနိုးလို့"

"ညက နောက်ကျမှအိပ်ထားတာလေ"

ဟုတ်တယ် ညက တော်တော်နှင့်မအိပ်၍ ပုံပြင်ဘယ်နှစ်ပုဒ်မှန်းမသိပြောပြပေးပြီးနောက် သင်္ခအနည်းငယ်ခြောက်လိုက်မှ အိပ်သွားကြတာ။

အေးမြတဲ့ရာသီဥတုလေးမှာ ဇနီးလေးကိုဖက်ထားရတာမို့ သင်္ခရင်ဘတ်တွေက နွေးနေ၏။

"ဒီဘက်လှည့်ခဲ့..."

ကိုယ်တိုင်အနောက်ကိုနဲနဲဆုတ်၍ အသေးလေးကို ရင်ဘတ်ထဲဆွဲသွင်းလိုက်ကာ တကိုယ်လုံးမြုပ်နေအောင် ဖက်ထားပေးလိုက်သည်။

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now