သင်္ခတို့ မနက်ရောက်တော့ ထိုဆေးရုံမှာပဲ အမေချိတ်ထားပေးတဲ့ OGဆရာမနဲ့ပြပြီး ultrasound
အရင်ရိုက်ရသည်။ အမှန်တော့ ဘယ်OGနဲ့ ပြရင်ကောင်းမလဲစဉ်းစားနေတာ အမေက သူစုံစမ်းလိုက်တော့ ဒီဆေးရုံက OG ဆရာမက အရမ်းတော်တယ်ကြားတယ်ဆိုတာနဲ့ ဒီမှာပဲပြဖြစ်လိုက်တော့တာ။ သူ့အသေးလေး ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေ မီးဖွားနိုင်ဖို့အရေးကြီးတယ်မလား။"ကိုယ်၀န်က ၄ပတ်မြောက်ရှိပြီနော်"
"ဟုတ်လား ဆရာမ"
သင်္ခနဲ့ အသေးလေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှစ်ယောက်စလုံး အပြုံးကိုယ်စီနှင့်
ပျော်ရွှင်မှုကို မဖုံးဖိနိုင်ဖြစ်နေကြသည်။ သင်္ခ အသေးလေးလက်လေးကို အားထည့်၍ ဆုပ်လိုက်မိသည်။
သူ့ကလေးလေးက ၁လတောင် ရှိနေပြီပေါ့လေ။"ဒီမှာ သွေးလုံးသဏ္ဍာန်အလုံးလေးတွေ့လား"
Ultrasound ဆရာမညွှန်ပြတဲ့ မှန်ပြင်ကို သင်္ခစိတ်လှုပ်ရှားစွာကြည့်မိလိုက်သည်။ တကယ်ပဲ ဖန်ဂေါ်လီလုံးသာသာလေးရှိတဲ့ အရွယ်အစားလေး။ သို့သော်
ထိုလူတောင်မဖြစ်သေးတဲ့ အစိုင်အခဲလေးက သင်္ခရင်ကို များစွာကိုင်လှုပ်နေတာ အံ့ဩစရာ။ သေချာတာကတော့ သူချစ်ရတဲ့အသေးလေးဗိုက်ထဲမှာ ရှိနေလို့ပဲဖြစ်လိမ့်မည်။ သူ့အသေးလေးကို ကြည့်လိုက်တော့လည်း လှဲနေရာမှ ခေါင်းထောင်၍ မှန်ပြင်ကိုစိတ်လှုပ်ရှားစွာကြည့်နေတဲ့ မျက်၀န်းဝိုင်းတွေမှာ အရောင်
တလဲ့လဲ့ဖြင့်။ဘယ်လိုလုပ်ရမလဲ ဒီတစ်ယောက်တောင် ချစ်လို့မ၀သေးတာ နောက်ထပ်ကိုယ်ပွားလေးပါ
ထပ်တိုးချစ်ရတော့မတဲ့...!ထို့နောက် ultrasound အဖြေယူ၍ OGဆရာမနဲ့ တစ်ခါပြန်ပြရသည်။ ဆရာမက သေချာစမ်းသပ်ကြည့်ပြီးမှ
"ကိုယ်၀န်က ၄ပတ်ရှိနေပြီပေါ့နော်... သားအိမ်က လည်းအနေအထားကောင်းတယ်၊ အရင်ကသားအိမ်အားဆေးသောက်တယ်လို့ပြောထားတယ်နော်"
"ဟုတ် ဆရာမ"
"အရင်ကဖွံ့ဖြိုးမှုနှေးတယ်ဆိုပေမဲ့ အခုအဖြေကပိုကောင်းလာတယ်ဆိုတော့ စိုးရိမ်စရာတော့သိပ်မရှိပါဘူး၊ ဒါပေမဲ့ လနုတုန်းမှာ အရမ်းလှုပ်ရှားသွားလာတာမျိုးတော့ သတိထားပေးနော်..."

YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Roman d'amourintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ