မူကြိုကျောင်းတစ်ခုတွင်
"မမ ဒီမုန့်လေးစားကြည့် "
"စားလို့ကောင်းတယ်နော်"
"အွန်း တီတီ၀ယ်ပေးတဲ့ဟာလားဟင်"
"ဟုတ်တယ် ခခမနက်က မေ့ကိုပြောပြီးအပိုယူလာတာ ဟီး"
မုန့်စားချိန်ဖြစ်၍ မောင်နှမနှစ်ယောက်မှာ အိမ်ကထည့်ပေးလိုက်တဲ့မုန့်တွေကို တစ်ခုပြီးတစ်ခု အရသာခံနေကြလေ၏။ ၅နှစ်ထဲကို ရောက်ခဲ့ပြီဖြစ်၍ အမွှာမောင်နှမသည် စကားပီနေလေပြီ။
မောင်နှမနှစ်ယောက် တစ်ကမ္ဘာဖြစ်နေချိန်တွင်
ကောင်လေးတစ်ယောက်က အနားသို့မဝံ့မရဲရောက်
လာကာ"တုတု..."
"ဟင်"
"ဟို...ဟို... အင့်"
ထိုကောင်လေးက ဘာစကားပြောရမှန်းမသိစွာ
လက်ထဲကမုန့်ထုပ်လေးကို ကောင်မလေးထံ ထိုးပေးလေ၏။ အတန်းထဲတွင် ဖွေးဖွေးဖောင်းဖောင်းလေးနှင့် အမွှာမောင်နှမနှစ်ယောက်မှာ နာမည်ကြီးလေသည်။ ထို့ပြင် ဂုတ်လောက်ဆံပင်ရှည်လေးနဲ့ ဆံရစ်လေးညှပ်ထားတဲ့ နှိုင်းရတုသာလေးသည် အတန်းဖော်ကောင်လေးတွေကြား ရေပန်းစားနေ၏။"တုတုကို ပေးတာလားဟင်"
"အင်း ဒီမုန့်လေး အရမ်းစားကောင်းလို့ ယူပါနော်"
ခခ သူ့ရှေ့က ညိုလုံးလုံးနှင့်ကောင်ကိုကြည့်၍ အမြင်ကတ်လာ၏။ ဖေဖေက မှာထားတယ် မမနားကို ကောင်လေးတွေ မကပ်စေနဲ့တဲ့။
"ငါတို့ဖေဖေက မှာထားတယ် သူများကျွေးတာမစားရဘူးတဲ့ မင်းမုန့်ပြန်ယူသွား"
"ငါက မင်းကိုကျွေးတာမှ မဟုတ်တာ၊ တုတုကိုကျွေးတာကို"
"တုတုက ငါ့အစ်မ၊ မမ မယူနဲ့နော် ခခမုန့်ကျွေးမယ်လေ"
"အင်းပါ ခခရဲ့၊ မမ မယူပါဘူး...ဟို မစားတော့ဘူးနော် ဒီမှာမုန့်တွေအများကြီးမို့"
တုတုပြောလိုက်တော့ ထိုကောင်လေးက မျက်နှာလေးညှိုးငယ်စွာဖြင့်
"အင်းပါ... ဒါဆို ငါနဲ့သူငယ်ချင်း လုပ်မလား"
"အင်း ရတယ်လေ"

YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Romanceintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ