Extra 2 (zawgyi )

5.3K 40 0
                                        

အတည်ကြီး စိတ်ကောက်နေသူက သင်္ခစကားကို နားထောင်ပြီး ဆိုင်ပါမလာတော့ပေ။ သင်္ခမှာ
အဲ့နေ့တုန်းကသာ အူတိုနေလို့ ပြောမိလိုက်တာ ။တကယ်တမ်း မလာပဲနေတော့ ရင်ထဲမှာဘာလိုမှန်း
မသိ။ ပုံမှန်ဆို နေ့လည်ထမင်းစားချိန်အမှီရောက်ချလာပြီး ထမင်းအတူစား၊ ဆိုင်အတူထိုင်ရတော့
မျက်နှာလေးအလွမ်းပြေကြည့်ခွင့်ရသေးတယ်။
ခုတော့...

ဟင်း....။

ဇနီးလေးနဲ့ အဆင်မပြေတော့ ဘာလုပ်လုပ်စိတ်ကမပါ။ အဲ့ဈေးတွေလည်း ရောင်းမနေချင်တော့။ ခါတိုင်း
တစ်ရက်ပြည့်အောင်တောင် စိတ်မကောက်တတ်တဲ့
သူက အခု နှစ်ရက်ကြီးများတောင်ရှိပြီ။

အိမ်မှာလည်း စကားလုံးဝမပြောပဲနေတာတော့မဟုတ်။ သို့သော် ပြောစရာရှိတာထက် ဘာမှပိုမပြော။
လိုတာပဲပြောပြီး ညဆိုလည်း သူ့ကိုကျောပေးပြီး
အိပ်သေးသည်။

သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်ရင်း ရင်ခွင်ထဲတိုးဝင်တတ်သူက သူ့ဟာသူအိပ်တဲ့အခါ မနေတတ်တဲ့ကိုယ်ကပဲ သူအိပ်ပျော်မှရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်အိပ်နေရ၏။ ရာဇ၀င်ရိုင်းလိုက်ပုံများ။

ဟင်း.....။

"ဟဲ့ တို့အစ်ကိုကြီးကို ကြည့်စမ်း သူ့မိန်းမလေး
နှစ်ရက်ဆိုင်မလာတာကို နေမထိထိုင်မသာနဲ့"

"ငါ ကြည့်နေတာ သက်ပြင်းချတာတင်
၅ခါလောက်ရှိပြီ"

"အေးဟယ် တို့အစ်မက ခါတိုင်း စနေ၊တနင်္ဂနွမှေ
ဆိုင်မလာပဲ နေနေကြကို"

"ဟဲ့ ကြည့်ရတာ စိတ်ဆိုးနေကြတယ်ထင်တယ်"

"လူတွေက အချစ်ရေးအဆင်မပြေရင်
သိပ်သိသာတာပဲနော်"

"တို့အစ်ကိုကြီးကတော့ ကဲကိုကဲတာပါဟယ်"

"ဟုတ်ပ တို့အစ်မများ ကောင်လေးတွေဈေးရောင်းနေပြီဆို မယောင်မလည်နဲ့ ချက်ချင်းဒီဘက်ကောင်တာ
ကူးကူးလာတာ ကလေးနှစ်ယောက်တောင် မူကြိုတက်နေပြီကို ခုထိအူတိုတုန်း"

"ဟဲ့ တိုလည်းတိုစရာကိုဟဲ့... အစ်မပုံစံလေးကိုက ပါးစပ်ထဲ ထည့်ငုံထားချင်စရာလေး"

"ရှူး တိုးတိုးကမ၊ ဟိုကကြားလို့ ထမင်းငတ်နေမယ်"

လူကသာဆိုင်မှာရောက်နေပေမဲ့ စိတ်ကအိမ်ပြန်ရောက်နေသူကတော့ ခုချိန်မှာ အတင်းတုတ်လည်း ကြာနိုင်မှာမဟုတ်ပေ။ သူ့စိတ်ထဲမှာရှိတာက ဇနီးလေးကို ဘယ်လိုပြန်ချော့ရမလဲဆိုသည့်ကိစ္စ!

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now