final extra (uni)

35.7K 1.2K 68
                                        

သားငယ် ခခရဲ့ ' မေ မူးလဲလို့ ဖေ ' ဆိုပြီး ရှိုက်သံတွေနှင့် ဖုန်းဆက်လာခြင်း‌ကြောင့် ချက်ချင်း ဆိုင်ကနေ ကားသော့ဆွဲ၍ ထွက်လာခဲ့တာ။ ဖုန်းထဲကနေ သမီးတုတုရဲ့ ငိုနေသံကိုလည်း ကြားလိုက်ရတာမို့ သင်္ခစိုးရိမ်စိတ်တွေက မြင့်‌တက်သွားသည်။ မနက်ကတင် နေလို့သိပ်မကောင်းဘူးလို့ ပြောနေသေးတာ။ ဒီရက်ပိုင်း အစားကလည်းသိပ်မစားပဲ လူလေးဖျော့တော့နေတာကိုသိရက်နဲ့ သူဆိုင်လာခဲ့မိလိုက်တာ မှားတာပဲ။ တကယ်ဆို အသေးလေးအနား ရှိနေပေးလိုက်ရမှာ။ အခုချိန်ထိ‌တိုင် အသေးလေးအပေါ် သူ့ရဲ့စိတ်ပူပန်‌မှုတွေက အရင်အတိုင်းရှိနေဆဲပင်။ အသေးလေးနဲ့ ပတ်သက်ရင် သူရဲ့စိတ်ထားက ဘယ်သောအခါမှ ဘယ်အရာမှ ပြောင်းလဲမှာမဟုတ်!!

မိုင်ကုန်မောင်းလာမိခြင်းမှာ မိနစ်၂၀တောင်မကြာလိုက်ပဲ အိမ်သို့ရောက်လာခဲ့‌သည်။ စင်၀င်အောက်ကို ကားထိုးရပ်လိုက်ကာ ချက်ချင်းပြေးတက်မိတာက အိမ်ပေါ်က သူတို့ရဲ့အခန်းငယ်ဆီသို့။ သူရောက်သွားတာနဲ့ သားနဲ့သမီးက မျက်ရည်လေးတွေစို့နေတဲ့ မျက်၀န်းတွေနှင့် သူ့ဆီအားကိုးတကြီးပြေးလာကြပြီး

"ဖေ့...အီး..."

"ဖေ့...မေက မီးတို့ကို ကျောင်းလိုက်ပို့မလို့ကို
ဘိုင်းခနဲ မူးလဲသွားတာ...ဟင့်"

"သားလည်းရှိတယ်... မေက ရုတ်တရက်ကြီး
လဲသွားတော့ သားလည်းမထိန်းလိုက်နိုင်ဘူး အီး....
မေ ဘာဖြစ်တာလဲသိဘူး...ဖေ...ဟင့် "

သားနဲ့သမီးက သူတို့ရှေ့တင် သူတို့အမေက လဲကျသွားတော့ အတော်လန့်သွားတာနေမှာ။ ‌သင်္ခ သူ့ရှေ့က ငိုနေတဲ့ သားနဲ့သမီးကို အ‌သာပွေ့ဖက်လိုက်ရင်း

"မေက ဘာမှမဖြစ်ပါဘူး...အားနဲလို့ မူးလဲသွားတာ... ခု ဘွားတို့က ဆရာ၀န်ခေါ်ထားတယ်လား"

"အမေ ဖုန်းဆက်ထားတယ်သားရေ... ဒီနေ့မှ နင့်အဖေကလည်းမရှိနဲ့ ကလေးတွေကလည်း လန့်ပြီးငို... အမေနဲ့ဟေမာန်လည်း ပြာပြီး ဘာလုပ်ရမှန်းကိုမသိဘူး ဆရာကမြို့ထဲရောက်နေလို့ လာနေပြီ ရောက်တော့မယ်လို့‌ဖုန်းဆက်တယ်"

"ဆေးရုံသွားလိုက်မလား အမေ"

"နေပါအုံး ဆရာ‌လာအောင် ခဏစောင့်ကြည့်ပါအုံး..."

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now