Chapter 128

2.2K 247 1
                                    

Chapter 128

ရှန်းလျိုရှန့် ရုတ်တရက် ဒေါသထွက်သွားလိမ့်မည်ဟု လင်ယဲ့ မမျှော်လင့်ထားခဲ့ပေ။ သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခဏအကြာတွင် သက်ပြင်းခပ်ဖွဖွချလိုက်သည်။
" သူကလွဲလို့ ဘယ်သူ့ကိုမဆို ရွေးလို့ရတယ်..."

" ဒီစကားတွေနဲ့ ရင်းနှီးနေသလိုပဲ..."

ရှန်းလျိုရှန့်က မျက်လုံးများမှေးကျဉ်းလိုက်သည်။
" ကျွန်တော် မှတ်မိနေသေးတယ်... ကျွန်တော် စုပိုင်ချယ့်ကို သဘောကျနေတယ်လို့ အထင်လွဲတုန်းက စုပိုင်ချယ့်ကလွဲပြီး ဘယ်သူမဆိုရတယ်လို့ ပြောခဲ့တယ်လေ... အခု ကျိုးရွှမ်လန်ဖြစ်သွားတော့လည်း မရဘူးတဲ့... ရှစ်ရှုန်းဘာလို့ အဲ့လောက်အပြောင်းအလဲမြန်ရတာလဲ..."

လင်ယဲ့က ထိုစကားကိုမှတ်မိသွား၍ လန့်သွားပုံပေါ်သည်။
" ဟုတ်တယ် စုပိုင်ချယ့်ဆိုရင်လည်း မရဘူး..."

ရှန်းလျိုရှန့် : " ဒါဆို ရှစ်ရှုန်းကရော ဘာလို့ သူ့ကိုသဘောကျတာလဲ..."

" သဘောကျတယ်တဲ့လား... မင်း ကျိုးရွှမ်လန်အပေါ်  ခံစားရသလိုမျိုးလား..."
လင်ယဲ့၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသော်လည်း သူ့လေသံက မထီမဲ့မြင်ဖြစ်နေသည်။

" ငါ့မှာ အဲ့လိုမျိုး အသုံးမဝင်တဲ့ စိတ်ခံစားချက်တွေ မရှိဘူး..."

" မင်း စုပိုင်ချယ့်ကို ကြိုက်မှာကို ဘာကြောင့်ခွင့်မပြုရတာလဲဆိုတာကတော့... သူက ငါ့ရဲ့ ကံကြမ္မာက သတ်မှတ်ထားတဲ့ တာအိုလက်တွဲဖော်လေ... အဲဒါကြောင့် မင်းကိုပေးလို့တော့ မဖြစ်ဘူး..."
လင်ယဲ့က ရှင်းပြလိုက်သည်။

ရှန်းလျိုရှန့် လွှတ်ခနဲ ပြောထွက်သွားသည်။
" သုံးဘဝကျောက်တုံးကြောင့် သိတာလား..."

လင်ယဲ့ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။
" ရှစ်ရှုန်း ဘာလို့ဒီကိစ္စကို အတည်ယူနေတာလဲ... ကိုယ့်စိတ်တိုင်းကျ နေထိုင်ရင်ရတာပဲ... တကယ်လို့ ရှစ်ရှုန်း သူ့ကိုမချစ်ရင် သူက ရှစ်ရှုန်းရဲ့ တာအိုလက်တွဲဖော်ဖြစ်လာဝောာ့ရော ဘာထူးလဲ...  အနာဂတ်မှာ ကိုယ်တကယ်ချစ်တဲ့လူကို ရှာတွေ့ခဲ့မယ်ဆို..."

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်း [ Completed ]Where stories live. Discover now