Chapter 4 ပထမဆုံးနေ့

620 8 0
                                    


ဒီနေ့က ဘော်စတွန် တက္ကသိုလ်ရဲ့
ပထဆုံးနေ့ပါ။
ကျွန်မသည် ကျွန်မ၏ ကျောင်းဝင်းအသစ်၏ လမ်းမကြီးအတိုင်း လျှောက်သွားကာ
လေထု အသစ်ကို ရူရှိူက်မိရင်း သူမစာသင်ခန်း အသစ်ဆီသို့ သွားကာ စိတ်လှုပ်ရှားနေခဲ့သည်။

ဂျိတ်သည် ဘောလုံး လေ့ကျင့်မှု ပြုလုပ်ရမှာဖြစ်သောကြောင့် နံနက်စောစောကမှ ထကာ ထွက်သွားနှင့်ပြီဖြစ့သည်။ သူ့အသင်း ကစားနေတဲ့ပုံက်ို ကြည့်ဖို့ ကျွန်မ မစောင့်နိုင်တော့ဘူး။

ဒီကလေထုကို အသက်ပြင်းပြင်း ရှူရှိုက်မိရင်း သဘောကျကာ ပြုံးနေခဲ့သည်။ ကောလိပ်ကျောင်းသူ ဖြစ်ရခြင်းက ကျွန်မ မကြုံဖူးသေးတဲ့ လွတ်လပ်မှု အသစ်ကို ယူဆောင် လာပေးသည်။ ကျွန်မ မိဘတွေရဲ့ အုပ်ချုပ်မှု့အောက်မှာ လုံးဝ မရှိတော့သလိုပါပဲ။

ကျွန်မရဲ့ ပထမဆုံး Calculus (သင်္ချာ)အတန်းကို လှမ်းကြည့်လိုက်တော့ တစ်ချို့ ကျောင်းသားတွေ ဟောပြောပွဲ ခန်းမထဲမှာ နေရာယူထားပြီမှန်း တွေ့လိုက်ရသည်။ ရှေ့အတန်းက တစ်ယောက်ဘေးမှာ ထိုင်ဖို့ဆုံးဖြတ်လိုက်တယ်။
ကျွန်မရဲ့ ပထမဆုံးဟောပြောပွဲကို လက်လွပ်မခံချင်ဘူး ။တစ်ခြား အတန်းဖော်များသည်လည်း ကျွန်မထက်ပို၍ ထူးချွန်နေကြလိမ့်မည်။

အေးအေးဆေးဆေးပေါ့ မီလာနီ ကိုယ့်ကိုကိုယ် လူထူးဆန်းတစ်ယောက်လို ထပ်ဖြစ်မနေနဲ့။

ငါ့ကိုယ်ငါ မကူညီနိုင်ဘူး တက္ကသိုလ်တက်တဲ့ပထမဆုံးနေ့မှာ စိတ်ရှုပ်ရတာ သာမာန်ပဲမဟုတ်လား။

ကျွန်မ ကျောပိုးအိတ်ထဲက မှတ်စုစာအုပ်ကို ထုတ်လိုက်ရင်း ကောင်မလေး တစ်ယောက်က ကျွန်မဘေးနား ထိုင်ခုံမှာ ထိုင်လိုက်သည်။ သူမသည် အညိုရောင်ကုတ်ဝဲဆံပင်တိုတိုနှင့် မီးခိုးရောင်မျက်လုံးတစ်စုံရှိပြီး သူမနှာခေါင်းနှင့်ပါးများတွင် ချစ်စရာတင်းတိပ်များ ရှိနေသည်။ ငါ့ရဲ့အတန်းဖော်အသစ်ပဲ.။

သူမ ကျောပိုးအိတ်ထဲမှ စာအုပ်ကို ထုတ်ယူလိုက်ပြီးသူမရဲ့ခဲတံအိတ်ကို ဖွင့်ကြည့်လိုက်တော့ မှတ်စုရေးရာမှာ သုံးနိုင်တဲ့ပစ္စည်း ဘာတစ်ခုမှကို ရှာမတွေ့တဲ့အတွက် အံ့သြသွားပုံရပါသည်။

Deeper Where stories live. Discover now