Chapter 12 Safe Haven

171 0 0
                                    



ဗော်န်သည် နံရံမှာချိတ်ဆွဲထားတဲ့ ရေချိုးဝတ်ရုံကို ကိုင်ကာယူလိုက်ပြီး ကျွန်မခန္ဓာကိုယ်ကို ဖုံးအုပ်ထားလိုက်တော့မှ သူ့ရှေ့မှာကိုယ်လုံးတီး ဖြစ်နေမှန်း သိလိုက်ရသည်။ကိုယ့်ကိုယ်ကို ရှင်သန်ဖို့အတွက် ဒီလောက်ခက်ခဲမယ်လို့ တစ်ခါမှ မတွေးမိဘူး။
ငါဘာမှမလုပ်နိုင်ဘူးဆိုတာ သူသဘောပေါက်သွားပုံပေါ်ပြီး သူ့လက်ဖြင့်ကျွန်မကိုပွေ့ချီက အိပ်ခန်းထဲသို့ ပြန်ခေါ်သွားခဲ့သည်။

သူက ကျွန်မကိုကုတင်ပေါ်သို့ ချလိုက်ပြီး
သူ့အနွေးဓာတ်ကို ရုတ်တရက် ဆုံးရှုံးသွားတော့ ကျွန်မခန္ဓာကိုယ် တင်းမာသွားတယ်။ကျေးဇူးပဲ သူက ကျွန်မကို သူ့အနားသို့မဆွဲခင်မှာ အနားသို့ လာထိုင်ခဲ့တယ်။

ငါ့ခန္ဓာကိုယ်ပေါ်က ကြောက်စရာကောင်းပြီး စိတ်ညစ်စရာ ခံစားချက်တွေ အားလုံးကိုအစားထိုးဖို့ လမ်းကြားထဲက စိတ်ရောဂါက ငါ့ကို ဘာလုပ်ခဲ့လည်း ဆိုတာ မေ့ထားဖို့လိုအပ်တယ်။
ငါ့ကိုယ်ငါ မသန့်စင်သေးပေမဲ့ သူငါ့ကိုအနီးကပ်ဆုပ်ကိုင်ထားရင် ငါအသက်ရှင်နိုင်မယ်ထင်တယ်။

သူ့နောက်ကျောပေါ်သို့ သူမလက်တင်ရင်း သက်ပြင်းချလိုက်ကာ "ရှင်ရဲကို ခေါ်ထားတာလား" မေးလိုက်သည်။

"ကိုယ်လုပ်ခဲ့တယ်"လို့ ဗော်န်ဒန် ကပြောလိုက်တယ်။
"ထောင်ထဲမှာပုပ်ပွနေဖို့ ထိုက်တန်တယ်။
ရူးနေတဲ့ ခွေးကောင်" သူ၏ ဒေါသသည် သူ့အသံတွင် ထင်ရှားနေသေးသည်။
"မတွေ့ရင် ကိုယ် ကိုယ်တိုင်လိုက်ရှာမယ်၊မင်းကို အရူးလုပ်တဲ့သူကို တွေ့အောင်ရှာရမယ်။"

တစ်နည်းနည်းဖြင့် သူ့ရဲ့စကားကိုကြားရတော့ ကျွန်မရင်ထဲ လှုပ်လှုပ်ရှားရှားကောင်းတဲ့ ခံစားချက်အသစ်အဆန်းတစ်ခုကို ခံစားရတယ်။
ဂျိတ်ထံမှ ထိုသို့သောအကာအကွယ်ကို ခံယူဖူးသော်လည်း ဗော်န်က ထိုသို့ပြောလာသောအခါ ခံစားရသည်မှာ မတူညီဘူးခံစားရသည်။
ပြီးတော့.. ငါကြိုက်တယ်။

ကျွန်မမျက်လုံးတွေကိုမှိတ်ပြီး ခေါင်းခါရင်း သူ့ရင်ဘတ်မှာ မျက်နှာမြှုပ်ထားလိုက်တယ်။ပြောရမှာပဲ ဒီအရာတွေအားလုံးက ငါ့ကိုရူးသွပ်သွားစေပြီး ငါအခုစိတ်တွေအရမ်းရှုပ်ထွေးနေတယ်။

Deeper Where stories live. Discover now