Chapter 9 ဆူရှီနေ့စွဲ

171 0 0
                                    

ဆူရှီဘားမှာထိုင်ရင်း နှုတ်ခမ်းနဲ့ကိုက်လိုက်တယ်။
ငါ့မျက်လုံးတွေက ဆူရှီပန်းကန်တွေတန်းစီပြီးငါ့ရှေ့မှာရွှေ့နေတယ်။

သူတို့အားလုံးက အရမ်းဆွဲဆောင်မှုရှိတဲ့ပုံပဲ၊ပျော်ရွှင်မူနဲ့အတူ ဆော်လမွန်ဆူရှီမီပါတဲ့ ပန်းကန်တစ်ချက်ကို လှမ်းယူလိုက်တယ်။

ဗော်န်ရဲ့ အကြည့်ကိုခံစားမိတဲ့အခါ ပဲငံပြာရည်ကိုလောင်းချလိုက်တယ် ။
သူ့ဘက်ကိုခေါင်းလှည့်ကြည့်တော့ ရယ်မောစွာစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

"ဘာလဲ. ?"ကျွန်မသူ့ကို မသိလိုက်ပဲ မေးပြီး အစားအစာတွေကို ပါးစပ်ထဲကိုတုတ်နဲ့ထိုးပြီး
စားဖို့ကို အချိန်မဖြန်းခဲ့ဘူး။

"ဘာမှမဟုတ်ဘူး "သူကပြုံးပြီး ကျွန်မမျက်လုံးကို စိုက်ကြည့်နေတုန်းပဲ။
ဗော်န်ရဲ့ သက်ရောက်မှု့ကြောင့် ကိုယ့်ကိုကိုယ်
လုံးလုံးလျားလျားထိခိုက်စေနိုင်ရင် ငါတုန်လှုပ်မိလိမ့်မယ် ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ငါ့အကြိုက်ဆုံး အစားအစာက အာရုံပျံ့လွင့်စရာ မရှိဘူး။
ဆော်လမွန်ရဲ့ ချိုမြိန်တဲ့ အရသာကို
မျက်လုံးမှိတ်ရင်း မြည်းစမ်းကြည့်ကာ အရသာရှိလှပါတယ်။
အရသာက ကောင်းကင်နဲ့တူတယ်။

ဂျိတ်က TVကြော်ငြာမှာ ကြိုက်သလိုစားဖူးတယ်လို့ တစ်ခါပြောဖူးတယ်။
"မင်းသိလား"ဗော်န်ကစကား စပြောတယ်။
"ဒါက တော်တော်ကောင်းတဲ့မြင်ကွင်းပဲ"

သူမ မျက်ခုံးပင့်လိုက်တယ်။
ပုံမှန်အားဖြင့် မိန်းကလေးတွေက ငါ့အရှေ့မှာ ပိုဂရုတစိုက် စားတက်ကြတယ်"လို့ ဗော်ဒန်က ဆိုပါတယ်။
သူတို့က သူတို့ရဲ့ပုံရိပ်ကိုထိန်းသိမ်းဖို့ကြိုးစားကြတယ်။
တစ်ချို့ဆို မပျက်စီးစေမယ့် ဟင်းကိုရွှေးချယ်တာ "သူကရယ်ရင်းပြောတယ်။
"ဒါပေမဲ့ မင်းကတော့မီ မင်းမျက်လုံးတွေကိုဖမ်းစားလိုက်တဲ့ အရာအားလုံးကို လက်တွေ့ကျကျ ဝါးမြိုပစ်လိုက်တာပဲ။"
ငါရင်တွေတအားနာလုမတက်ပဲ၊ ကဲ့ရဲ့တာလားချီးမွမ်းနေတာလား ဘယ်လိုသတ်မှတ်ရမည်မှန်းမသိ။

"စိတ်မပူပါနဲ့ "သူကထပ်ပြောတယ်။
သူ့လေသံက ရွှင်မြူးမှု့အပြည့်နဲ့ ပျော်နေသေးတယ်။
ကျွန်မ ဒုတိယပန်းကန်ကို ပြီးသွားချိန်မှာတော့ သူ့ပန်ကန်ပြားကိုတစ်ချက်ကြည့်လိုက်တယ်။
ရှင်ဗိုက်ဆာနေတယ်လို့ ကျွန်မထင်နေခဲ့တာ။

Deeper Where stories live. Discover now