ကြိုက်လိုက်တာ ၊လည်ချောင်းတွေခြောက်သွေ့နေသလိုသူမခံစားရတယ်။ဒီပယင်းမျက်လုံးတွေက ဘယ်လောက်လှပလဲဆိုတာ ပြောလို့ရမလား။ ငါသူတို့ထဲမှာ နှစ်မြုပ်နေတယ် ခံစားရသည်။
ငါ့ကိုဘယ်သူမှ "Petrificus Totalus"ကိုစာလုံးပေါင်းမသင်ပေးခဲ့တာ စိတ်တိုသွားတယ်။ ဟုတ်တယ်၊ Hermione Granger ကNeville Longbottomကိုဘယ်လို လုပ်ခဲ့မိလဲဆိုတာ မှတ်မိနေသေးတယ်။
ကျွန်မလက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတဲ့ ကောင်လေးက ကျွန်မအိပ်ရေးမဝအောင် နှောင့်ယှက်လိုက်တာကြောင့် စိတ်တိုနေပုံရပြီးနောက် သူကျွန်မကို ပြန်စိုက်ကြည့်ရင်း သူ့အမှုအရာပျော့ပျောင်းသွားတယ်။
"မီလာနီ"သူကတိုးတိုးလေးပြောလိုက်တယ်။သူ့အသံနိမ့်နေတာက ငါ့ကျောရိုးကို တုန်လှုပ်သွားစေတယ်။
ဒါမှမဟုတ် အခုမှ တွေ့ဖူးတဲ့လူချောက ငါ့နာမည်ကို တိုးညှင်းစွာခေါ်လိုက်တာကြောင့်လည်းဖြစ်နိုင်သည်။"မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တွေ့ပြီးတာ ငါမြင်တယ်"အစ်ကို့အသံက ကျွန်မကို သတိပြန်ရစေပြီး ကျွန်မလက်ကောက်ဝတ်ကိုသူ့ထံမှဆွဲထုတ်လိုက်သည်။
ဂျိတ်သည် ဧည့်ခန်းထဲတွင် မတ်တပ်ရပ်ရင်းပြုံးနေကာ လက်နှစ်ဖက်ကိုတော့အိပ်ကပ်ထဲထည့်ထားလိုက်တယ်။ ကောင်လေးက လှည့်ပြီး
ဂျိတ်ထံသို့မျက်နှာမူလိုက်သည်။"ဗော် ၊ မီလာနီ"အစ်ကိုက ကျွန်မကိုမိတ်ဆက်ပေးတယ် "မီလာနီ ၊ဗော်ဒန်ပါ"
သူမမျက်လုံးတွေပြူးကျယ်သွားတယ် ဒါက ဗော် တစ်ခါမှ မတွေ့ဖူးတဲ့ အစ်ကို့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ။
ထပ်ပြောရအုန်းမယ် အကောင်းဆုံးသူငယ်ချင်းပါ။သူ့အကြောင်းပြောတိုင်း ဒီစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကောင်လေးအကြောင်းကို ခဏခဏပြောနေလို့ အမေတောင်သူ့အကြောင်းအကုန်သိနေပုံပေါ်သည်။
ဂျိတ်နဲ့ဖုန်းပြောတဲ့အခါ မကြာခဏကြားရယုံတင်မဟုတ်ပဲ အိမ်မှာ ညစာစားတဲ့အချိန်မှာတောင် မကြာခဏပြောတဲ့အခါ..
သူသည်ပညာထူးချွန်ပြီး ပညာသင်ဆုရရန်
ဗော်န်ဒန်ကဘယ်လိုကြိုးစားကြောင်း သူသည်ထိပ်တန်းတွင်ရပ်တည်နေပုံနှင့် ကြီးကျယ်သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုအကောင်အထည်ဖော်ရန် သူ၏ရည်မှန်းချက်များ အောင်မြင်ရန် နှင့် မိဘများ၏ထောက်ပံ့မှု့မရှိပဲ မည်သို့တွန်းအားပေးကြိုးစားကြောင်းတို့ကိုပြောပြနေခဲ့သည်။ ဂျိတ်၏ဘောလုံးအသင်းတွင် ချန်ပီယံနောက်ခံတိုက်စစ်မှူးကစားသမားအဖြစ် သူရဲ့ဂုဏ်သတင်းကို လည်းထိန်းသိမ်းထားခဲ့သည်။
YOU ARE READING
Deeper
Novela JuvenilEnglish Title : Deeper Author: Anya-Jayvyn အစ်ကို့ရဲ့ အကောင်းဆုံးသူငယ်ချင်းကိုမှ ချစ်မိသွားတဲ့သူမ.... "ဘာမှမခံစားရသလို ဟန်ဆောင်မနေပါနဲ့".. သူ့အသံကိုကြားတော့ ကျွန်မရင်ကိုလှုပ်ခက်သွားစေခဲ့တယ်။ "ဘာကိုဆိုလိုတာလဲ? " "ကိုယ်ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိပါတယ်က...