ဒါကြောင့် တစ်စုံတစ်ယောက်ကိုချစ်မိသွားမှာ ကြောက်တဲ့အခါ ခံစားရတာက ဒီလိုပဲလား။
အလှမ်းဝေးနေတယ်ထင်ရင် ပိုကောင်းတယ်။ဒါမှမဟုတ် ငါ့အစ်ကိုက မိန်းကလေးတွေအများကြီးနဲ့ ဆော့ကစားနေတာကို မြင်ဖူးပြီး လွယ်လွယ်နဲ့ ယောင်္ကျားတစ်ယောက်ကို မယုံကြည်ဖို့ ခဏခဏသတိပေးနေတာမျိုး ဖြစ်နိုင်တယ်။အခုဗော်န်ရဲ့ အတိတ်အကြောင်းနည်းနည်းလေ့လာခဲ့ပြီး အဲ့ဒါအတွက် ကျေးဇူးတင်ရမှာလား ဒါမှမဟုတ် နောင်တရသင့်သလားမသိတော့ဘူး။
သူ့ရည်းစားဟောင်းက အချိန်မရွှေး ပြန်လာနိုင်တဲ့ အလားအလာရှိနေလို့ ခံစားချက်နက်ရှိုင်းမသွားခင် ဒီအကြောင်းကိုသိလိုက်ရတဲ့အတွက် ကျေးဇူးတင်မိတယ်။
ဒါမှမဟုတ် ငါတို့ရဲ့ အခိုက်အတန့်ကိုတွေးမိတဲ့အခါ ငါ့ရင်ထဲက ပျော်ရွှင်စရာခံစားချက်တွေပျက်ပြားသွားလို့ နောင်တရတယ်။ Camila ပြန်လာခဲ့ရင် ဘာဆက်ဖြစ်မလဲ။သူတို့မှာ မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေသေးတယ်။
သူနဲ့လမ်းခွဲပြီး ထားသွားပေမဲ့လည်း သူတို့ကသေချာတဲ့ လမ်းခွဲမှုမျိုးမဟုတ်သေးဘူး။တေလာ ထံမှာ ထိုအချက်များအကြောင်း သိလိုက်ရပြီးနောက် တစ်ပတ်ကြာသွားခဲ့ပြီး ဗော်န်ထံမှ စာများကို ကျွန်မဘာတစ်ခုမှ ထပ်မဖြေဖြစ်တော့ပါ။
ငါဘာလို့ အရူးမတစ်ယောက်လို လုပ်နေရတာလဲလို့သူ သိချင်နေလိမ့်မည်။ဒါမှမဟုတ် ငါက သူ့ကိုကြီးကြီးမားမား ငြင်းဆိုနေတယ်ဆိုတာ သူသိပြီးသားဖြစ်လိမ့်မယ်။
ကထိကသည် ကျွန်မတို့၏ Bioenergy အတန်းမှ ထွက်ခွာရန် ပြင်ဆင်နေစဥ်တွင် ကျွန်မ၏ ကျောပိုးအိတ်ကို ပခုံးပေါ်တင်ကာ သက်ပြင်းချမိလိုက်သည်။
ပြီးနောက် စာသင်ခန်းထဲမှ ထွက်ခွာလာခဲ့ပြီး ကျွန်မ၏ ဦးတည်ချက်ဆီသို့
လမ်းကြောင်းတူနေကာ Vaughn ဦးတည်လာနေသည်ကို မြင်လိုက်ရတော့ ကျွန်မ၏ နောက်ထပ်ဓာတ်ခွဲခန်း အစည်းအဝေးသွားဖို့အတွက် သူ့ကိုရှောင်ထွက်ကာ လမ်းကြောင်းပြောင်းရန် ဦးတည်လိုက်သည်။
သူသည် သူ၏ဘောလုံးအသင်းဖော် နှစ်ယောက်နှင့် အတူ တစ်စုံတစ်ခုအကြောင်း ပြောပြီးရယ်မောနေကာ လာနေခြင်းဖြစ်သည်။
YOU ARE READING
Deeper
Teen FictionEnglish Title : Deeper Author: Anya-Jayvyn အစ်ကို့ရဲ့ အကောင်းဆုံးသူငယ်ချင်းကိုမှ ချစ်မိသွားတဲ့သူမ.... "ဘာမှမခံစားရသလို ဟန်ဆောင်မနေပါနဲ့".. သူ့အသံကိုကြားတော့ ကျွန်မရင်ကိုလှုပ်ခက်သွားစေခဲ့တယ်။ "ဘာကိုဆိုလိုတာလဲ? " "ကိုယ်ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိပါတယ်က...