Chapter 23 နှလုံးသားကဘာလိုချင်တာလဲ

369 2 0
                                    

ကျွန်မ သူ့ကိုရင်ခုန်စွာနဲ့ ပြန်နမ်းလိုက်တယ်။
ငါ့ရင်ဘတ်ထဲမှာ ရှိနေတဲ့ ခံစားချက်တွေအားလုံး ပေါက်ကွဲထွက်တော့မလို့တောင်ထင်မိတယ်။ သူ့နှုတ်ခမ်းတွေက ကျွန်မအပေါ်အရမ်းမှန်ကန်နေသလို ခံစားရတယ်။ သူကျွန်မတို့၏ အနမ်းကို ပိုပြီး နက်ရှိုင်းအောင် ပြုလုပ်လိုက်သည်နှင့်အမျှ ကျွန်မ မညည်းထွားပဲမနေနိုင်တော့ပေ။

သူအခု ငါ့ကို ဝန်ခံလိုက်တဲ့စကားတွေက ငါ့နှလုံးရပ်လုမတတ် ဖြစ်သွားတယ်။
သူအခု ငါ့ကိုလိုချင်နေသလို တခြားဘယ်သူ့ကိုမှ မလိုချင်ဘူးဆိုတာ ငါမယုံနိုင်သေးဘူး။လိမ်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မဟုတ်ဘူးဆိုလည်း ငါဂရုမစိုက်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီစကားကြားရတာ အရမ်းကောင်းပြီးငိုမိတော့မလိုတောင်ခံစားရသည်။

လက်နက်ချဖို့ အချိန်တန်နေပြီမို့ ငါ့အလံဖြူကို ငါလွင့်လိုက်ပြီ ။ ထိခိုက်လွယ်ရမည့်အချိန် မဟုတ်ပဲ ငါ့နှလုံးသားက လိုချင်တာကိုပဲလုပ်ဆောင်တော့မည်။

မှန်တယ် ဒီခဏလေးအတွင်းမှာတော့ သူ့ရင်ခွင်ထဲမှာပဲ ရှိနေစေချင်ပါတယ်။

ငါပြောစရာရှိတာကိုပြောဖို့ သူ့အနားဆီသို့ တိုးကပ်သွားသည်။
"ဗော်န်" လို့ပြောရင်း၊ ငါတို့ရဲ့ ပြင်းထန်ကာ နက်ရှိုင်းနေသောအနမ်းကနေ ငါ့ရဲအသက်ရှုတာကိုတောင် လုရှုလိုက်ရတယ်။ ငါတို့ရဲ့အနမ်းကို ငါနှောင့်ယှက်လိုက်ပြီးတဲ့နောက် သူ့မျက်နှာမှာ စိတ်ပျက်နေပုံရသည်။ သူမ ဘာပြောမလဲဆိုတာ အဖြေရှာဖို့ ကြိုးစားနေသလိုမျိုး တစ်ခုခုကို ရှာနေတာကြောင့် သူမမျက်လုံးတွေကို မှိတ်ထားလိုက်သည်။

"တောင်းပန်ပါတယ်"လို့ တိုးညှင်းသောလေသံဖြင့်ပြောလိုက်သည်။ ငါသူ့ကို မဖယ်လိုက်သင့်ဘူး ၊ မိုက်မဲလိုက်တာ။
"ကျွန်မ မရည်ရွယ်တဲ့ စကားကိုပြောပြီး ငြင်းဆန်ခဲ့မိတယ်။"

"မင်းပါးစပ် ပိတ်ထား၊ ကိုယ် ဂရုမစိုက်တော့ဘူး"
နှုတ်ခမ်းတွေ ထပ်မနမ်းခင်မှာ သူက ကျွန်မစကားကို ဖြတ်လိုက်သည်။

ကျွန်မ မျက်လုံးမှိတ်လိုက်ပြီ လက်ချောင်းတွေက သူ့နောက်ကျောကို ဆုပ်ကိုင်ထားလိုက်တယ်။ ငါ့ဘဝက သူ့အပေါ်မှုတည်နေသလိုမျိုး ငါသူ့ကို ကိုင်ထားခဲ့သည်။ သူက ကျွန်မခန္ဓာကိုယ်ကို ချီကာ နံရံဖြင့်ဖိကပ်လိုက်ရင်း ကျွန်မခြေထောက်တွေကို သူ့ခါးမှာပတ်ထားစေလိုက်သည်။

Deeper Where stories live. Discover now