Chapter 10 လမ်းသွယ်

183 0 0
                                    


ကျွန်မ၏ ပထမဆုံးဓာတုဗေဒဓာတ်ခွဲခန်းပြီးဆုံးချိန်တွင် ကျွန်မရဲ့ဓာတ်ခွဲခန်းအင်္ကျီကိုချွတ်လိုက်ပါသည်။
အချိန်တော်တော်ကြာခဲ့ပြီး အခု တော်တော်
ပင်ပန်းနေပြီဖြစ်သည်။
ဖိုင်တွေကို လွယ်အိတ်ထဲပြန်ထည့်ရင်း နောက်မှ အိမ်ပြန်မယ် တွေးလိုက်တယ်။
ကားပျက်နေလို့ ဘတ်စကားတက်စီးရမယ်ထင်ပါတယ်။ ဒီမနက် အင်ဂျင်နှိုးမရတော့ ကားပျက်နေတာ သိလိုက်ရသည်။
"မင်းရဲ့ကားကို ပြင်ထားပြီးပြီလား"Stacey က သူ့ကျောပိုးအိတ်ကို ပခုံးပေါ်တင်ပြီး ကျွန်မဘေးကနေ မေးလိုက်သည်။
မေဂျာအတူတူတက်ကြပြီး အတန်းတွေအများကြီးရှိတော့ ကျေနပ်တယ်။
သူကဒီမှာငါ့ရဲ့ပထမဆုံးသူငယ်ချင်းပဲ။

"မလုပ်ရသေးဘူး"သက်ပြင်းချကာ ဖြေလိုက်သည်။
"ဘာလို့ ဗော်န်ကို မေးကြည့်ဖို့မကြိုးစားတာလဲ"ဓာတ်ခွဲခန်းထဲက ထွက်လာတော့ သူမကမေးတယ်။
သူမမျက်တောင်ခက်ပြီး ကျွန်မကိုနောက်ပြောင်ကာ မျက်လုံးမှိတ်ပြလိုက်တယ်။

ပြီးတော့ ဒီမိန်းကလေးကို ပါမောက္ခ Adams ကိုမြန်မြန်မေးရိုးချတဲ့တာဝန်ကို ဘယ်လိုလုပ်ပြီးလွှဲပြောင်းပေးခဲ့လဲဆိုတာကို ပြောပြီး
ဗော်န်ဒန် အကြောင်းပါ ပြောပြထားခဲ့သည်။

ဒါပေမဲ့ မဟုတ်ဘူး၊ ငါဗော်န်ကို ထက်ပြီး ဒုက္ခမပေးချင်တော့ဘူး။
ဗော်န်သည် မနက်ဖြန်ဘောလုံးပွဲအတွက် ပြင်ဆင်နေသဖြင့် အလုပ်ရှုပ်နေကြောင်း ကျွန်မကောင်းစွာ သိရှိထားပြီး သူ့ကိုမနှောင့်ယှက်ချင်ဘူး။

ငါဘာလို့ ကားတွေအကြောင်း ဒီလောက်အထိမသိရတာလဲ။
မနက်ဖြန်မနက်ကျမှ စက်ပြင်ဆရာကို အရင်ဖုန်းဆက်ရမယ်။

ဂိမ်းအကြောင်းပြောရင်း လမ်းမတလျှောက် လျှောက်လှမ်းကာ Staceyကို "ဟေး မနက်ဖြန်နေ့လည်ပိုင်း လွတ်ပါ့မလား"
"ငါထင်တယ်ဟု "သူမကဆိုသည်။
"ကျွန်မအကြိုက်ဆုံးအချိန်ဇယားကသောကြာနေ့ပါ။
မနက်ဖြန်အတန်း တစ်တန်းပဲ ရှိတယ်။

"မင်းဘောလုံးပွဲ ကြည့်ချင်လား"
သူမ မျက်လုံးများ ပြူးကျယ်သွားသည်။
"အင်း မနက်ဖြန်လား. ?"သူမအော်ပြောတယ်။
"အဲ့ဒါကိုငါ လုံးဝမေ့သွားတာပဲ သူတို့ကစားတာကိုကြည့်ဖို့ ငါမစောင့်နိုင်တော့ဘူး"လို့သူမအသံက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။
ကျွန်မကရယ်လိုက်ပြီး အဲ့ဒါကောင်းပါတယ်။

Deeper Where stories live. Discover now