Chapter 11 နင်နဲ့...

218 0 0
                                    


ကျွန်မအမြင်အာရုံမှာ မျက်ရည်တွေနဲ့ပြည့်နှက်နေပြီး ဗော်န်ကို မော့ကြည့်လိုက်တယ်။တစ်စုံတစ်ယောက်သည် ကျွန်မကို ကယ်တင်ရန် အမှန်တကယ် ရောက်လာသည်ကို ကျွန်မ
မယုံကြည်နိုင်သေးဘူး။

ဒီရူးပြီးစိတ်ဖောက်ပြန်နေတဲ့ စိတ်ရောဂါရှင်က ရုတ်တရက် လွတ်လိုက်ပြီး နံရံသို့တွန်းပစ်လိုက်တယ်။
သူထွက်ပြေးဖို့အချိန်မဖြန်းပဲ ပါးစပ်အဟောင်းသားနဲ့ မြေကြီးပေါ်မှာထားပစ်ခဲ့တယ်။

"မင်း မဝံ့ရဲဘူးလား"ဗော်န်က သူ့နောက်ကိုပြေးဖို့ အဆင်သင့်ဖြစ်နေပြီ ဒါပေမဲ့ ကျွန်မအနေအထားကိုမြင်တော့ သူ့ခြေရာခံမှာ ရပ်တန့်သွားပြီး သူအေးခဲသွားတယ်ဆိုတာ
ကျွန်မမြင်လိုက်ရတော့ အံ့သြတုန်လှုပ်သွားမိသည်။

ငါ့ခေါင်းက စူးရှနာကျင်နေပြီး နဖူးကိုထိခါ ယမ်းခါနေခဲ့တယ်။
နောက်တော့လက်ဖဝါးမှာ သွေးတွေကိုတွေ့တယ်။
ကျွန်မနဖူးက အုတ်နံရံကိုထိမှန်ထားလို့ သွေးထွက်နေပုံပဲ။

"ဘုရားသခင် "သူ့မေးရိုးတွေတင်းကြပ်နေကာတုန်ခါနေပြီး အဝေးကိုပြေးတော့မယ့် လူယုတ်မာကို ခေါင်းမလှည့်ခင် သူ့မျက်လုံးတွေမှာ ဒေါသတွေနဲ့တောက်လောင်နေတာကိုသူမမြင်လိုက်ရသည်။
"မဟုတ်ဘူး"လို့အော်လိုက်ပြီး ခွေးကောင်ကို ဖမ်းဖို့နောက်ထပ်မရွှေ့ခင် သူ့ကိုတားလိုက်ကာ"ဗော်န် ငါ့ကိုမထားခဲ့ပါနဲ့"ငါစကားထစ်အစွာအဖြစ်ပျက်ကြောင့် ထပ်မပြောနိုင်တော့ဘူး။

ဒီမှောင်မိုက်နေတဲ့လမ်းကြားမှာ ငါတစ်ယောက်တည်းမနေချင်ဘူး။
ကြောက်ရွှံ့တုန်လူပ်နေသောအချိန် အခုမဟုတ်တာတော့ သေချာတယ်။

ပထမတော့ သူက ငါ့ကိုလျစ်လျူရူပြီး အဲ့ဒီလူနောက် လိုက်ပြေးမယ်ထင်ခဲ့တာ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့မျက်နှာက ငါ့ကိုမုဒိမ်းကျင့်ဖို့ကြိုးစားနေတဲ့ သူကို သတ်ပစ်ချင်နေတာဘယ်လောက်တောင် ဆိုးနေလဲဆိုတာကိုပြနေခဲ့တယ်။
ဒါပေမဲ့ ကျွန်မကိုကြည့်တဲ့သူ့မျက်လုံးတွေက နူးညံ့နေကာ ၊ မြေပြင်ကိုငုံ့ကြည့်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ ကျွန်မ ပခုံးကို ဖက်ထားလိုက်သည်။

Deeper Where stories live. Discover now