Chapter 25 မနက်စာ

490 8 0
                                    

မနက်ခင်းနေရောင်ခြည်က ငါ့မျက်လုံးတွေကို ကလိနေသလို ခံစားရတယ်။
ငါ သူတို့ကို ဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက ဗော်န်က ငါ့အရှေ့မှာအိပ်နေတယ်။
စောင်က ငါတို့ခန္ဓာကိုယ်အောက်ပိုင်းတွေကို ဖုံးအုပ်ထားကာ သူ့လက်တွေက ငါ့ခါးကိုရစ်ပတ်ထားခဲ့သည်။

သူ့မျက်နှာကို ကြည့်လိုက်မိတဲ့ ကျွန်မအကြည့်တွေကတော့ နူးညံ့တဲ့အပြုံးတစ်ခုကိုထင်ဟပ်လာစေတယ်။ သူ အိပ်ပျော်နေတုန်း သူ့မျက်နှာကို သေချာစိုက်ကြည့်နေလိုက်သည်။
သူအရမ်းချောတယ်၊ အခုက ငါ့လူပဲ။

ထိုအတွေးတွေကြောင့် မျက်နှာပေါ် အပူများစိမ့်ဝင်လာသည်။
မနေ့ညက အဖြစ်အပျက်ကို မယုံနိုင်သေးဘူး။ ဒါဟာ ကျွန်မခံစားဖူးသမျှထဲမှာ အံ့သြစရာအကောင်းဆုံး ခံစားချက်ပဲ။
အခုချိန်မှာ သူ့ကိုကြည့်လိုက်တော့ ကျွန်မနှလုံးသားက အခုန်မြန်နေခဲ့တယ်။

သို့သော် ငါ့ပေါင်ကြားက နေရာကတော့ နာကျင်နေတယ်ဆိုတာ ဝန်ခံရမယ်။
မနေ့ညကတော့ ဒီလိုဝေဒနါမျိုးကို မခံစားရပဲဒါကပုံမှန်ပဲလားလို့ တွေးမိလိုက်သည်။ မိန်းကလေးတိုင်းဟာ သူတို့ရဲ့ပထမဆုံးအကြိမ်ကိုဖြစ်သွားတဲ့အခါ မတူညီတဲ့  ကိစ္စတစ်ခု ရှိကောင်း ရှိနေနိုင်ပါတယ်။

ဗော်န်ကို မနိုးဖို့အတွက် ဆုံးဖြတ်လိုက်ပြီး ငါ့ခါးပေါ်က သူ့လက်တွေကို ဖြည်းညှင်းစွာ ဖယ်ထုတ်လိုက်ပြီး ကုတင်ပေါ်ကနေ ထလိုက်သည်။
အိပ်ရာခင်းပေါ်မှာတော့ သူမသွေးတွေကို မြင်လိုက်ရသည်။ သူမ သက်ပြင်းတိုးတိုးလေးချကာ စားပွဲပေါ်က နာရီကို ငုံ့ကြည့်လိုက်သည်။
မနက် ၆နာရီရှိနေပြီ။

ဘောင်းဘီကိုပြန်ဝတ်ကာ အခန်းထဲကမထွက်ခင် အင်္ကျီအဖြူကို ဝတ်လိုက်သည်။
ငါတို့နှစ်ယောက်အတွက် မနက်စာချက်ရမှာ ကောင်းတဲ့ အတွေးတစ်ခုပါပဲ။
မနေ့ညက ကိစ္စဖြစ်ပြီး ခုလမ်းလျှောက်တော့ နာကျင်မှုက ပိုဆိုးလာသည်။
အခုဆိုရင်တော့ မိန်းကလေးတော်တော်များများက ပထမဆုံးအကြိမ် လိင်ဆက်ဆံပြီးရင် လမ်းမလျှောက်နိုင်ဘူးလို့ ဘာကြောင့်ပြောလဲ ငါအခုတော့နားလည်လာသည်။

Deeper Where stories live. Discover now