."ဒါဆို မင်းဘယ်လိုထင်လဲ"ဗော်ဒန်က ပြုံးနေရင်းမေးလိုက်သည်။
"ဘာကိုပြောတာလဲ? "
"ဒီနေရာ"
ကျွန်မသက်ပြင်းချရင်း လှည့်ကြည့်လိုက်ကာ "လူစည်ကားတယ်" ကျွန်မတွင်တစ်ခြားဖော်ပြစရာစကားမရှိပါ၊ဤနေရာသည် မြို့ပြ၏ စည်းလွတ်ဝါးလွတ်ပျော်ရွှင်ရတဲ့ နေရာဖြစ်နိုင်သည်ဟု ဝန်ခံရမည်။တစ်ဖန် အခန်းထောင့်မှ ရွှယ်တူမိန်းကလေးတစ်စုက ကျွန်မကိုစူးစူးစိုက်စိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။
"ငါကပဲအပြစ်တစ်ခုခုလုပ်နေလို့လား ဒါမှမဟုတ်ဘာကြီးလဲ? "
ငါ့နေရာကို လှမ်းပစ်လိုက်တဲ့အလင်းတန်းတွေကြောင့် ထိုင်နေရင်း အရမ်းပူလာသလိုတောင်ခံစားရတယ်။ ငါ့လက်နဲ့ ငါ့ကိုယ်ငါသာ ယပ်ခပ်နေလိုက်သည်။ဗော်န်ဒန်သည် မိန်းကလေးများဘက်သို့ခေါင်းလှည့်ကာ သူတို့ကိုရုတ်တရက်ကြည့်လိုက်သည်။ပြီးနောက်သူ့မျက်နှာကပြုံးနေရင်းကျွန်မကိုပြန်ကြည့်ကာ
"စိတ်မပူပါနဲ့ ကိုယ်ကသူတို့တွေနဲ့ မတွဲပါဘူး""ရှင်! တစ်ယောက်တည်းနေနိုင်တဲ့ယောင်္ကျားလေးမျိုး ကျွန်မမယုံဘူး"လို့ပြောရင်း ခုနကပဲ
အဲလက်ဆိုတဲ့ မိန်းကလေးနဲ့ ဂျိတ်ရဲ့စကားပြောဆိုနေမှု့ကို ပြန်အမှတ်ရမိပြီး နောက်မှ နောင်တရဖို့သာလိုပါတော့သည်။
မိန်းကလေးတိုင်းထံမှ တန်ဖိုးနည်းသော ကောက်ကြောင်းလိုင်းကိုရွေးချယ်နိုင်သည်ထင်ရသော်လည်း အမှန်တကယ်လည်း ထိုကဲ့သို့နည်းလမ်းကိုပဲ စစ်မှန်စွာစဥ်းစားနိုင်တယ်။
မိန်းကလေးတိုင်းသည် ဗော်န်၏ရည်းစားဖြစ်လာရန် တန်းစီနေကြသည်မဟုတ်လား။ငါ့အတွက်တော့မဟုတ်ဘူး။ အစ်ကို့ရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် ငါ့ရဲ့ခံစားချက်တွေ
ကိုမွေးဖွားလာဖို့အတွက် ငါစိတ်မဝင်စားရဘူး။"ယောင်္ကျားလေးက ဘာလို့လဲ"သူကရယ်နေကာမေးလာခဲ့သည်။
ကျွန်မလည်း မျက်လုံးမှိတ်ရင်းရယ်မောလိုက်ကာ
"ရှင်လည်း ကျွန်မအစ်ကိုနဲ့ တူမယ်ထင်တာပဲ"ဂျိတ်က မိန်းကလေးတွေရဲ့ ကတိပေးရတဲ့အလုပ်တွေကို
မကြိုက်ဘူး၊ ဗော်န်လည်းထိုကဲ့သို့ထူးခြားနိုင်မယ် ထင်ပါတယ်။
YOU ARE READING
Deeper
Fiksi RemajaEnglish Title : Deeper Author: Anya-Jayvyn အစ်ကို့ရဲ့ အကောင်းဆုံးသူငယ်ချင်းကိုမှ ချစ်မိသွားတဲ့သူမ.... "ဘာမှမခံစားရသလို ဟန်ဆောင်မနေပါနဲ့".. သူ့အသံကိုကြားတော့ ကျွန်မရင်ကိုလှုပ်ခက်သွားစေခဲ့တယ်။ "ဘာကိုဆိုလိုတာလဲ? " "ကိုယ်ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိပါတယ်က...