"မင်းတို့နှစ်ယောက် ဒီလောက်နီးနီးကခုန်နေကြတာ အံ့သြစရာပဲ" ဗော်န်အသံက အေးစက်နေပြီးဒေါသထွက်နေတာက ငါ့ခန္ဓာကိုယ်ကို ပိုတုန်လှုပ်စေသည်။
ပြီးတော့ သူ့မျက်လုံးထဲက ချောက်ခြားစေတဲ့အကြည့်တွေက ကျွန်မကို ရင်တုန်စေပြီးကျွန်မလုပ်ခဲ့တာတွေကို နောင်တရစပြုလာခဲ့သည်။
ငါနဲ့အတူ တွဲကခဲ့တဲ့လူကိုကြည့်လိုက်တော့ ခက်ခက်ခဲခဲထဖို့ကြိုးစားနေရင်း နာကျင်စွာညည်းညူနေတယ်။
"ဒါက ရှင်မြင်တဲ့အတိုင်းပဲ၊ ကခုန်နေမှုတစ်ခုပါပဲ"လို့ ကျွန်မအမှတ်တမဲ့ပြောလိုက်တော့ သူ့ရဲ့အကြည့်တွေကြောင့် ထိတ်လန့်သွားရသည်။
ကျွန်မ အရက်အချိန်ကြောင့် သူ့ကိုပြန်ပြောနိုင်သေးတာက အံ့သြစရာပဲ။"တကယ်လား.?"ဟု သူကမကျေနပ်တဲ့အသံဖြင့်မေးတယ်။
"ဒီလိုကရတာကို ကြိုက်တာလား"
သူ့မျက်လုံးတွေက ကျွန်မခန္ဓာကိုယ်ကို မလုံခြုံနေသလို ခံစားရတယ်။"ဟုတ်တယ်၊ ကျွန်မလုပ်ခဲ့တယ်"လို့ ခိုင်မာစွာပြောလိုက်ပြီး ဒါကအမှန်ပဲမလား။ မိန်းကလေးတစ်ချို့နဲ့ တွဲနေတဲ့အခါ သူကျွန်မကို လျစ်လျူရှုထားသလို ခံစားရပေမဲ့ ၊ဒီကခုန်နေမှုက ကျွန်မရဲ့ စိတ်ပျက်စရာခံစားချက်တွေအားလုံးကို ဖယ်ရှားပေးနိုင်တဲ့အရာတစ်ခုပါပဲ။
ဒါ့အပြင် သူလည်းမိန်းကလေးတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ပျော်နေတဲ့ပုံကို မေ့နေတာလား။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူသာ ငါ့မျက်နှာရှေ့မှာ ပူလောင်လှပနေတဲ့ မြင်ကွင်းကို မပြခဲ့ရင်၊ ငါလည်း ဒီလိုအဘိုးကြီးနဲ့ တွဲကမိမှာမဟုတ်ဘူး။သူ့မေးရိုးတွေ ပိုတင်းကြပ်လာခါ အံကြိတ်ထားနေခဲ့တယ်။
သတိပေးချက်# အလွန်ဒေါသကြီးလာသော ဗော်န်သည် သင်နှင့်မဆက်ဆံချင်သော သူတစ်ယောက်ဖြစ်သည်။
ရုတ်တရက် သူက ကျွန်မလက်ကိုဆွဲပြီး ကပွဲအလယ်ကနေ ဆွဲထုတ်လာလိုက်တယ်။ ကျွန်မလက်ကို လွတ်ဖို့အော်ငေါက်လိုက်ပေမဲ့ ကလပ်ထွက်ပေါက်ကို လျှောက်သွားနေတဲ့ သူ့နောက်ကိုလိုက်ဖို့ကလဲဲပြီး ကျွန်မ မှာရွေးချယ်စရာမရှိပေ။ သံစုံတီးဝိုင်းအဖွဲ့ကို ဖြတ်သွားတဲ့အခါသူတို့အားလုံးက ကျွန်မကိုလှောင်ပြောင်နေတာ သတိပြုမိလိုက်တယ် -လူတစ်ယောက်က သူ့ပါးစပ်ထဲကို ဘီယာပုလင်းကို မထည့်ခင်လေထဲမှာရပ်တန့်နေခဲ့သည်။
YOU ARE READING
Deeper
Teen FictionEnglish Title : Deeper Author: Anya-Jayvyn အစ်ကို့ရဲ့ အကောင်းဆုံးသူငယ်ချင်းကိုမှ ချစ်မိသွားတဲ့သူမ.... "ဘာမှမခံစားရသလို ဟန်ဆောင်မနေပါနဲ့".. သူ့အသံကိုကြားတော့ ကျွန်မရင်ကိုလှုပ်ခက်သွားစေခဲ့တယ်။ "ဘာကိုဆိုလိုတာလဲ? " "ကိုယ်ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိပါတယ်က...