Chapter 18 ဆန္ဒ

481 4 0
                                    


"ရှင် ဘာလာယူတာလဲ"တက်နိုင်သမျှ ပေါ့ပေါ့ပါးပါး အသံထွက်ဖို့ကြိုးစားရင်း ကျွန်မရဲ့နှလုံးခုန်သံက စက္ကန့်အတိုင်းမြန်နေခဲ့တယ်။

ဗော်န်က သူ့ကို သူမကြည့်လိုက်တဲ့အချိန်ကစလို့ ကျွန်မကိုစွဲလမ်းစေမယ့် စူးရှသည့်အကြည့်များဖြင့် စိုက်ကြည့်နေတယ်။

သူက ခေါင်းကိုစောင်းငဲ့ပြီး လှောင်ပြောင်လိုက်ကာ"ကိုယ်ဘာလာယူရမှာလဲ ၊ကိုယ့်မှာရွှေးချယ်စရာမရှိဘူး ၊ မင်း ကိုယ့်စာတွေ၊ ဖုန်းတွေကို တစ်ခါမှပြန်မဖြေခဲ့ဘူး "သူ့မျက်လုံးတွေက ကျွန်မကွယ်ဝှက်ထားတဲ့ အရာကိုရှာဖွေနေသလိုမျိုး ကျွန်မကိုစိုက်ကြည့်ပြီးပြောနေခဲ့တယ်။

ကျွန်မကိုယ့်ကိုကိုယ် ထိန်းနေတယ်။တစ်ချိန်လုံးသူမတွေးနေမိတဲ့လူက အခု ဒီမှာငါ့အရှေ့မှာရပ်နေတဲ့အခါ ဒူးတွေအားနည်းသွားသလိုမျိုး ဒီလိုရပ်နေရတာ အရမ်းခက်ခဲတယ်။

ဒါပေမဲ့ ငါ့စိတ်ကို တင်းထားပြီး ဒီခံစားချက်က မထိုက်တန်ဘူး။ အန္တာရယ်ရှိတဲ့ အရာအားလုံးကို စဥ်းစားခဲ့တယ်။
ငါ့နှလုံးသား ၊ပြီးတော့ အစ်ကိုနဲ့လည်း ခင်မင်ရင်းနှီးနေတယ်။

ငါကဒီလောက်ပျော့ညံ့နေပေမဲ့ စွန့်စားဖို့တော့အဆင်သင့်မဖြစ်သေးဘူး။ ဒါပေမဲ့ ငါ့ကိုအပြစ်မတင်ပါနဲ့ အချစ်ရေးမှာဘာအတွေ့အကြုံမှ မရှိဘူး။ အစ်ကို့ရဲ့ စွန့်ပစ်ခံရဖူးတဲ့ ကောင်မလေးတွေရဲ့ ပုံရိပ်တွေကို ကျွန်မမြင်တွေ့ဖူးခဲ့တယ်။

"ကျွန်မ အလုပ်များနေလို့" အမှုမဲ့ အမှတ်မဲ့  ပြောလိုက်မိတယ်။ ကျွန်မလုပ်ရမယ့် တာဝန်တွေနဲ့ စာရွက်တွေ အများကြီးရှိတယ်။
"အင်း..ပုံမှန်အားဖြင့်တော့ သူတို့ကိုလျစ်လျူရှုဖို့ ဒီလိုင်းကိုသုံးရတာက နှမျေားရာကောင်းနေသလိုပဲ ခံစားရတယ်။

"တကယ်လား"ဗော်န်က ရေရွတ်ရင်း တိုးညှင်းသောအသံဖြင့် သူ့မျက်လုံးကတော့ ကျွန်မဆီကနေ မစွန့်ခွာသေးဘူး။
ဒါဆို "ဒီနေ့ အစောစောက ကျောင်းဝင်းမှာ
ကိုယ့်ကိုယ်တွေ့တုန်းက မင်းရုတ်တရက် တခြားဘက်ကို လှည့်ထွက်သွားတာကို မင်းပြောပြနိုင်မလား"

Deeper Where stories live. Discover now