အပိုင်း (၂၂၅) လုံးဝ ဖယ်ရှားပစ်မှဖြစ်လိမ့်မယ် (၁)
အကျဉ်းချခံထားရသော ချီမိသားစု၏ အိမ်တော်ခွဲခြောက်ခုမှ မိသားစုဝင် သုံးဆယ့်ရှစ်ယောက်လုံးသည် ယနေ့ညတွင် အလွန်ဆိုးဝါးသော နည်းလမ်းတို့ဖြင့် သေဆုံးသွားခဲ့သည်။
သူတို့၏ လျှာများကို ဆွဲဖြုတ်ထားပြီး သူတို့မျက်လုံးများသည် ငါးသေများ၏ မျက်လုံးများကဲ့သို့ အပြင်ဘက်ထိ ရောက်အောင် ဖောင်းထွက်နေကာ မျက်စံဖြူဖြူများတွင် သွေးများ စွန်းထင်းနေကြသေးပြီး သူတို့၏ အလောင်းများပေါ်တွင် ယင်ကောင်များ တဝီဝီပျံနေကြသည်။
သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို တွေ့မြင်ကြခဲ့ဟန်ရကာ သူတို့အားလုံး၏ အလောင်းမျက်နှာတွင် အလွန်ကြောက်ရွံ့နေသော အမူအယာများသာ မြင်ရသည်။
သူတို့ မည်သို့ သေသွားကြမှန်း မည်သူကမှ မသိကြသလို စောင့်ကြည့်ရေး ကင်မရာများကလည်း မည်သို့သော သဲလွန်စကိုမှ ရိုက်ကူးမိထားခြင်း မရှိကြပေ။
အရာရှိများသည် တွန့်ဆုတ်စွာဖြင့် ဤဖြစ်ရပ်ကို ရွှမ်ရွှီလောက၏ ဖြစ်လေ့ ဖြစ်ထရှိသော ကိစ္စများထဲမှ တစ်ခုအဖြစ် သတ်မှတ်လိုက်ကြတော့ကာ ရွှမ်ရွှီလောကကို သေချာဖိဖိစီးစီး အုပ်ချုပ်ရန် လျှင်မြန်စွာ လွှမ်းမိုးမှု ယူကြရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ပြည်နယ်အစိုးရမှ စတင်၍ ရွှမ်ရွှီလောကတွင် လှုပ်ရှားမှုများ လုပ်လာကြသည့် အချိန်တွင် ကျန်ရစ်သော မျိုးနွယ်စုကြီး လေးခုသည် ပြိုလဲသွားတော့သည်။
အားလုံးအတွက် အလွန်အံ့အားသင့်စရာကောင်းသွားသည်မှာ နတ်ဆေးသမားတော်မျိုးနွယ်ဖြစ်သော လောကကြီးနှင့် ကင်းကွာနေရသည်ကို နှစ်သက်သော လျန်မျိုးနွယ်နှင့် ဗုဒ္ဓကို ကိုယ်စားပြုသော ကျို့ခန်းဘုရားကျောင်းတို့က ပြည်နယ်အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ဆန္ဒရှိရှိ ခိုဝင်လိုက်ကြခြင်း ဖြစ်သည်။
ကျိုးကျုံးချိုးက သိပ္ပံသုတေသနဌာနတွင် ဝင်ရောက်အလုပ်လုပ်နေပြီး အပြင်လူများကို ကူညီ၍ သူ့ကို ဆန့်ကျင်နေသေည်ကို သိရှိသွားသော ကျိုးကျုံးယွီသည် အလွန်ဒေါသထွက်သွားပြီး ကျေးဇူးမသိတတ်သော သားသမီး ကျိုးကျုံးချိုးကို ခေါ်၍ တံမြက်စည်းယူ၍ ရိုက်တော့သည်။
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။