Part 225.2

373 47 4
                                    


အပိုင်း (၂၂၅) လုံးဝ ဖယ်ရှားပစ်မှဖြစ်လိမ့်မယ် (၂)

သူသည် ဆက်၍ ရှင်းပြမနေတော့ဘဲ ဝမ်ယမ်လန် သူ့ကို ပေးသော အချက်အလက် စာရွက်ကို ကောက်ကိုင်လိုက်ကာ လူတွေ့ဖြေဆိုသူ၏ ကိုယ်ရေးအချက်အလက်ကို အမြန်ဖတ်လိုက်တော့သည်။

"လုဝူ နှစ်ဆယ့်သုံးနှစ် လီယွီတက္ကသိုလ်ကနေ အကောင်းဆုံးအမှတ်တွေနဲ့ ဘွဲ့ရခဲ့တယ် ..................... ဆိုတော့ ပါရမီရှင်ပဲပေါ့"

ကျန်းလော့၏ စိတ်ဝင်စားမှု အနည်းငယ် မြင့်တက်လာပြီး ခေါင်းညိတ်လိုက်ကာ

"သူ့ကို ဝင်ခိုင်းလိုက်"

တစ်မိနစ်ကြာပြီးနောက် ကြည့်ကောင်းသော မျက်နှာရှိသည့် ချောမောသော လူငယ်တစ်ယောက် အခန်းထဲသို့ ဝင်လာသည်။

ဝမ်ယမ်လန်က သူ့ကို နူးညံ့စွာ မှတ်ချက်ပေးလိုက်သည်။

"မင်းက ကြည့်ကောင်းတာပဲ"

ကျန်းလော့သည် ပြင်းထန်စွာ အပေါ်ကြည့်လိုက် အောက်ကြည့်လိုက်ဖြစ်နေသော လူဝုကို ကြည့်လိုက်သည်။

"မဆိုးပါဘူး"

သူတို့နှစ်ယောက်ကြားမှ စကားပြောနေမှုသည် အလွန်တိုးပြီး မြန်လွန်းသောကြောင့် ကျန်းလော့ ဘယ်ဖက်တွင် ထိုင်နေသော ခေါင်းဆောင်အကြီးအကဲသည် လာမှ မကြားလိုက်ရပေ။

သို့သော် လုဝူကတော့ ကြားသွားပုံရကာ သူတို့နှစ်ယောက်ကို သေချာကြည့်လာသည်။ ထို့နောက် သူတို့နှင့် အကြည့်ချင်းဆုံသွားချိန်တွင် သဘာဝကျကျ ဆွဲဆောင်မှု ရှိစွာ ပြုံးပြလာခဲ့သည်။

သူသည် အလွန်ငယ်ရွယ်သေးပြီး ဤသို့သော နေရာမျိုးအတွက်ပင် အလွန်သက်သောင့်သက်သာ ဖြစ်သော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး သူသည် ကုတ်အင်္ကျီအောက်တွင် ရှပ်တစ်ထည်သာ ခံဝတ်ထားသည်။ သူပြုံးနေသည့် အပြုံးမှာ နွေဦး၏ လေပြေညှင်းကဲ့သို့ ညင်သာ နူးညံ့နေသည်။

ကျန်းလော့၏ မျက်ခွံသည် ရုတ်တရက် လှုပ်ရှားသွားသည်။

သူသည် နောက်ထပ်တစ်ကြိမ် သူ့လက်ထဲမှ ကိုယ်ရေးအကျဉ်းကို ပြန်ကြည့်လိုက်သည်။ သူ၏ ညာဘက်မှ ချီယယ်ကတော့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ မေးခွန်းများကို မေးနေပြီ ဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now