Part 224.2

459 74 8
                                    


အပိုင်း (၂၂၄) လူသားများကမ္ဘာတွင် နေထိုင်ခြင်း (၂)

မကောင်းဆိုးဝါး၏ပုခုံးနှစ်ဖက်သည် မိုးရွာထဲသွားခဲ့ပုံဖြင့် အနည်းငယ် ရွှဲနေပြီး ကျန်းလော့မျက်လုံးများကို မြင်သောအခါ တစ်နည်းတစ်ဖုံ နူးညံ့သွားသည်။

"ဘာလဲ"

ကျန်းလော့သည် ခေါင်းယမ်းလိုက်ပြီး

"မင်း မိုးမိလာတယ်"

ချီယုံသည် ယခင်က တစ်စုံတစ်ယောက် ခြေထောက်ဆေးရန်အလုပ်ကို တစ်ခါမှ မလုပ်ပေးခဲ့ဖူးပေ။ ထို့ကြောင့် ပြုံးလိုက်ပြီး

"ဒါတွေအားလုံး မင်းအတွက်ပဲ မဟုတ်ဘူးလား"

ကျန်းလော့က ပြောသည်။

"တော်ပြီ မင်းမှာ အတည်ပေါက် ပြောစရာမရှိတော့ရင် ဒီမှာ လာအိပ်တော့"

အပြင်ဘက်မှ မိုးသံသည် သူတို့ကို ချော့သိပ်နေသလိုပင်။ ယနေ့သည် ရာသီဥတု အတော်လေး မကောင်းသော နေ့တစ်နေ့ဖြစ်ကာ ယခုမှ ခြောက်နာရီသာ ရှိသေးသည် အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်သည်။

ကျန်းလော့ တွေးကြည့်လေလေ သူ့အနေဖြင့် ချီယုံ့ကို တွယ်ဖက်ထားပြီး ရင်ဘက်ပေါ်ပါးအပ်အိပ်၍ သွားရည်များ ကျနေစရာ အကြောင်းမရှိကြောင်း သေချာလာလေဖြစ်ကာ သူသည် ထိုသို့ အိပ်မောကျသွားလျှင် အရူးတစ်ကောင် ဖြစ်မသွားတတ်ကြောင်း သူ့ကိုယ်သူ သေချာနေသည်။

ကိုယ့်ကိုယ်ကို မှိုင်းတိုက်တာပဲဖြစ်ဖြစ် အယုံကြည်လွန်နေတာပဲ ဖြစ်ဖြစ် ကျန်းလော့ကတော့ အပြစ်အားလုံးကို ချီယုံ့ခေါင်းပေါ် ပုံချလိုက်လေတော့သည်။

'ဒါတွေ အားလုံး ချီယုံ့ကြောင့်ပဲ'

'မဟုတ်ရင် ငါက ဘာလို့ တစ်ယောက်ထဲ အိပ်တုန်းက ဒီလို ပုံပျက်ပန်းပျက် ဖြစ်မနေရတာလဲ အားလုံး ချီယုံ့အမှားပဲ'

ကျန်းလော့သည် စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲနေချိန်တွင် ချီယုံသည် ရုတ်တရက် နှာချေလိုက်လေသည်။

မကောင်းဆိုးဝါးသည် ကုတင်ခေါင်းရင်းတွင် ဒူးတုပ်ထိုင်နေပြီး နှာခေါင်းကို ပွတ်လိုက်ကာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now