chapter 112

286 35 0
                                    

Chapter 112 Delicate little wife
December 15, 2023
Chapter 112

Extra 1.8.1

အရူးလေးက ရှဲ့ယွင်နန်ကို "အသည်းနှလုံး မရှိတဲ့သူ" ဟူသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။

အလကားသပ်သပ် အပြစ်ဖို့ခံလိုက်ရသည့် ရှဲ့ယွင်နန်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

"ဘာလို့ အဲဒီ့လို ပြောတာလဲ ..."

အရူးလေး "ခင်ဗျားက ကျွန်တော့်ကို မကြိုက်ဘူးလေ ..."

ရှဲ့ယွင်နန်က သက်ပြင်းချလိုက်သည်။

"ကိုယ်က မင်းကို အရမ်း သဘောကျတာပါ ..."

သို့သော် ထိုစကားများ ကြားလိုက်သည့်အခါ အရူးလေးက ပို၍ပင် ဒေါသထွက်လာတော့သည်။ သူ့ကိုယ်သူလည်း မည်သည့်အကြောင်းကြောင့် ဒေါသထွက်နေမှန်း မသိ။ သို့သော် လွန်စွာ စိတ်တိုနေကာ ရှဲ့ယွင်နန်က သူ့ကို မကြိုက်ဟု ခံစားမိနေခဲ့သည်။

ဆူပုတ်နေသည့် သူ့မျက်နှာကို မြင်ကာမှ ရှဲ့ယွင်နန်သည် အရူးလေးနှင့် သွမ့်ချန်ချင်းမှာ အတွေးတစ်ခုတည်းကို မျှဝေသူများ ဖြစ်ကြကြောင်း သဘောပေါက်သွားတော့သည်။ သို့မဟုတ်ပါလျှင် အရူးလေးက ဒေါသထွက်လိမ့်မည် မဟုတ်ချေ။

သူတို့က တကယ်ကြီးကို လူတစ်ယောက်တည်းပဲ ...

ဒါပေမယ့် တစ်ယောက်က အဖြူထည် နောက်တစ်ယောက်က အနိုင်ကျင့်တတ်တဲ့သူ ... ကွာခြားချက်က လုံးဝကို အကြီးကြီးပဲ ...

ဒေါသထွက်နေတာတောင် အရူးလေးက ချစ်စရာကောင်းနေတုန်းပဲ ...

သူက အရူးလေး၏ ခေါင်းကို လှမ်းကိုင်လိုက်သည်။

သို့သော် အရူးလေးက ရှောင်တိမ်းလိုက်၏။

"မထိနဲ့ ..."

ထို့နောက် သူက ရှဲ့ယွင်နန်၏ ခေါင်းကို လှမ်းကိုင်လိုက်သည်။

"လုပ်နိုင်တယ် ခင်ဗျားကို ဖမ်းထားနိုင်တယ် ဟီးဟီး ..."

ရှဲ့ယွင်နန် "..."

သွမ့်ချန်ချင်းက သူ့ကို ဖမ်းချုပ်ထားမယ်လို့ ပြောတာကို အရူးလေးလည်း သိနေတာဟ ...

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now