"Espresso ရသေးလားခင်ဗျာ....."
ပိတ်ရက်ကလွဲပြီး ညနေခင်းတိုင်းလိုလို ကြားရတတ်သည့် တိုးလျလျအသံကလေး......။
အနှီချာတိတ်လေးကြောင့် TaeHyung သတိမထားမိပါပဲ ချက်ချင်းလို ပြုံးသွားရသည်ပင်.....။"ရပါတယ်....
တစ်ခြားဘာလိုချင်သေးလဲ?.....""အဆင်ပြေတဲ့ ကိတ်တစ်ခုခုနဲ့
တွဲချပေးပါ"မျက်မှန်ကြည်ဝိုင်းအောက်က
မျက်ဝန်းအိမ်ကလေး.....။
TaeHyung အား ခေတ္တသာ မော့ကြည့်လာပြီး ချက်ချင်းပင် မျက်လွှာချသွား၏။ဟူဒီပွပွကြောင့် သေးငယ်သော ကိုယ်ဟာ တိမ်မြှုပ်နေပြီး ခပ်အုပ်အုပ်ကျနေသော ဆံသားနုတို့ကြောင့် အနှီချာတိတ်ကလေးက ပိုမိုကလေးဆန်နေ၏။ ခပ်ဖောင်းဖောင်း ပါးကလေးနှစ်ဖက်သည် ဖြူအုကာ
ဆွဲညှစ်ချင်စရာအတိ။TaeHyung သတိထားမိတာ
မဆန်းပါ။ ထောင့်ကျသောဝိုင်းတစ်ခုတွင်ထိုင်ကာ Espresso တစ်ခွက်မှာကာ စာလုပ်နေလေ့ရှိပြီး မုန့်အသစ်တွေရတိုင်း TaeHyung အကြံပေးသည့်အခါတွေတိုင်း မငြင်းဆန်ပါပဲ လက်ခံယူတတ်သည့် ကောင်ကလေးပါပင်။"အိုခေ....
ခဏလေးတော့ စောင့်ပေးနော်
လူနည်းနည်းကျနေပြီး ဒီနေ့ကိုယ်တစ်ယောက်ထဲ ဆိုင်ထိုင်ရလို့""ဟုတ်...ရပါတယ်....အဲ့လိုလည်း"
သူထိုင်နေကြ နေရာလေးတွင် ငြိမ်ငြိမ်ဆိုင်ဆိုင်လေး စာအုပ်ဖွင့်ကာ သွားထိုင်နေ၏။
ဒီလိုညီငယ်လေးမျိုးသာ မာမီမွေးပေးခဲ့ရင် TaeHyung က သိပ်ချစ်ပေးမှာပါပင်။မိနစ်အနည်းငယ်အကြာတွင် လူရှင်းသွားပြီမို့ သခင်ငယ်လေးထံ Espresso ဆက်သရန် ပြင်ရပြီး
သဘောကျလောက်မည့် ကိတ်နှင့် တွဲဖက်ပေးလိုက်သည်။
အသက်အရွယ်နဲ့မလိုက် ဒီလောက်ပြင်းရှခါးသက်တာ ဘာလို့ နေ့တိုင်း မရိုးမအီ မှာသောက်ရသည်မသိ......။
TaeHyung မှာသာ မနေနိုင် မထိုင်နိုင် အခါးသက်သာစေရေး ကိတ်တစ်မျိုးမျိုးနဲ့ တွဲပေးရသည်မှာလည်း အမြဲလိုလို...... ။မထူးတော့ပါ.....
ဒါက ကိုယ်တိုင်ရှာမိတဲ့
ဒုက္ခမမည်သော....
ခပ်သေးသေး ဒုက္ခကလေးပေမို့.....။"ရပြီ....ချာတိတ်မှာထားတဲ့ဟာ"
စာအုပ်တွေအားသတိထားဖယ်ကာ
နေရာချပေးလိုက်တော့ -"ချာတိတ်မဟုတ်ဘူး~"
မဆိုင်းမတွ တုံ့ပြန်ရေရွတ်လိုက်ပါသည့် အသံတိုးတိုးလေး.....။
"ဟင်~? "
"ချာတိတ်မဟုတ်ပါဘူး...
ကျွန်တော်က....."ခေါင်းငုံ့ကာ
မကျေမနပ်ဟန် နှုတ်ခမ်းလေး အနည်းငယ်စူထော်နေခဲ့ပြီး အရမ်းကြီးစိတ်ဆိုးနေတာမျိုးတော့မဟုတ်။
ဒါကအနှီနာမ်စားအား သူ သဘောမကျကြောင်း မဝံ့မရဲ ဖော်ပြတာမျိုး။"မသိပါဘူးကွာ ကိုယ်က
ချာတိတ်ကို ချာတိတ်ကလေး ထင်နေတာ""ချာတိတ်မဟုတ်ဘူး~"
"အထက်တန်းကျောင်းသားလေးထင်နေတာလေ....အဲ့ဒါကြောင့်မို့"
"Uni First Year ပါ
အသက်လည်းပြည့်ပြီးပြီ။
အဲ့ဒါက ချာတိတ်မှ မဟုတ်တော့တာလေ""ဟုတ်ပါပြီ ချာတိတ်မဟုတ်ဘူးဆိုတော့လည်း ချာတိတ်မဟုတ်ဘူးပေါ့
ဘယ်တတ်နိုင်ပါ့မလဲ"ထိုအကြောင်းအရာကိုပင်
မရပ်သေးပါပဲ သူတမင် ရုပ်တည်နဲ့
ဆက်စနောက်နေလျှင် ထိုကလေးက သူ့အား ခေတ္တမျှမော်ကြည့်လာပြီး
ခပ်တိုးတိုး ဆိုလာ၏။"ရည်းစားထားတော့မှာပါ~"
ထို့နောက် စာအုပ်တွေထက် ဘောပင်တစ်ချောင်းနဲ့ အလုပ်များသွားတော့သည်။
"ဟင်....?
အာ....ဟုတ်ပါပြီ
ရည်းစားတောင် ထားတော့မှာဆိုတော့ ချာတိတ်ဘယ်ဟုတ်ပါ့မလဲ?
နော်....."TaeHyung အသဲယားအူယားဖြစ်ကာ အနှီကောင်လေး၏ ခေါင်းလုံးလေးအား ဆွဲဖွပစ်လိုက်ချင်ပေမယ့် မလုပ်ဖြစ်ပါ။
Customer သေးသေးလေးက
ရည်းစားထားတော့မှာဆိုပြီး
ပါးနှစ်ဖက်ရဲကာ စာအုပ်ကိုပြောင်းပြန်ကြီး ကြည့်နေတာမို့......။ဘယ်လို ချာတိတ်လေးလဲ?......
ဆိုင်အထိကျူးကျော်လာပြီး
လူကို အသဲယားရအောင်လို့.......။>>>>>>>>>>>>>>>>
4.8.2024 ✍
662 words☕💭မိုးတွေဆက်တိုက်ရွာတော့
အဝတ်မခြောက်လို့ ရေးမိတဲ့စာတွေပါ
ကော်ဖီခါးတွေသောက်ပြီးရေးတာပေမယ့် စာတွေကတော့ ချိုတာယုံ.....။
YOU ARE READING
ESPRESSO & ......?