ကိုယ်က
Come out လုပ်ထားတဲ့ကောင်။
တစ်အိမ်လုံးနှင့် ဆန့်ကျင်ကာ
နေသည့်သူ......။
မည်သည့် အထိအရှကိုမှ ကြောက်တတ်သည်မဟုတ်။
သိပ်ပြီး ထွေထူးစွာ ဂရုစိုက်နေရမည့်အရာမျိုးလည်းမရှိ။သို့သော် ချာတိတ်က မတူ....။
အကယ်၍ Jay ကိုသာ ဖွင့်ပြောခဲ့လျှင်
Jay က သေချာပေါက် ငြင်းမှာ။
ထိုသို့ဆိုလျှင် ချာတိတ်က
ငယ်သေးသည်။ ငယ်လွန်းသေးသည့်အရွယ်တွင် စိတ်အနာတရဖြစ်၍မရ။
ငယ်ရွယ်သေးသော အရွယ်တွင်
စိတ်ကစားရုံခံစားချက်သက်သက်အတွက် ချာတိတ်နာကျင်ရသည့်အဖြစ်မျိုး သူမဖြစ်စေချင်ပါ။ချာတိတ်ဘက်က တိကျသေချာသည့် ခံယူချက်တစ်ခုကို သူသိချင်သည်။
"မငိုနဲ့တော့...
ကိုယ်တောင်းပန်ပါတယ်~~"ရင်ခွင်ထဲ သိမ်းဖက်ထားရာမှ လွှတ်ကာ မျက်ရည်စတွေ ခပ်ဖွဖွ ပွတ်သုတ်ပေးမိတော့ ချာတိတ်က သူ့မူပိုင်အတိုင်း ခေါင်းအား ငုံ့ထားမြဲ....။
"စိတ်ဆိုးလို့ရတယ်။
မကျေနပ်ရင် ကိုယ့်ကို ထုရိုက်ပစ်။
ဒါပေမယ့် ကိုယ့်ကို.....""ပြန်တော့မယ်~~"
တဆတ်ဆတ်တုန်ယင်နေတဲ့ မျက်တောင်ဖျားတွေ ၊ နှာဖျားရဲရဲလေးနဲ့ သူနမ်းထားလို့ ပုံမှန်ထက်နီဆွေးနေသော နှုတ်ခမ်းဖူးတစ်စုံ....။
သေချာတာက သူတွေ့ဖူး၊ တွဲဖူးခဲ့သမျှ လူတွေနဲ့ ချာတိတ်ဟာ တစိုးတစိမျှ မသက်ဆိုင်။နုထွေးသော မျက်နှာငယ်ဟာ
မြတ်မြတ်နိုးနိုး နမ်းရှိုက်ချင်စရာအတိ။
သူ လက်လွှတ်မပေးလိုက်ချင်ဘူး။
ပြီးတော့ ချာတိတ်က
Jay ကို သဘောကျနေတာမျိုး
မဖြစ်စေချင်ဘူး.....။အမည်တပ်မရသော ခံစားချက်တစ်ချို့က ရင်ဘတ်တစ်ခုလုံး ဆွဲဆုပ်ထားသလို အောင့်မျက်လာစေပြီး
ဦးနှောက်ကလည်း သေချာအလုပ်လုပ်နိုင်ပုံမရ။
TaeHyung ဘာကိုမှ အလိုမကျနေ။
သေချာတာက သူ ချာတိတ်ကို....... ။"ဖယ်ပေးပါ...."
ခပ်တိုးတိုးအသံလေး။
ဘယ်လိုလုပ်ရမလဲ?....။
သူ လက်လွှတ်မပေးလိုက်ချင်ဘူး။
တခဏလေးစာ မဟုတ်ဘဲ တခြားတစ်ယောက်ရင်ခွင်ထဲ ခိုဝင်သွားမှာမျိုးကို..။ အဲ့လိုအနေအထားမျိုးကို..။
YOU ARE READING
ESPRESSO & ......?