"အကြောင်းပြချက်က ဒါပေါ့"
"အင်း"
"TaeHyung ရာ...."
ဖုန်းထဲမှ Jay ၏ စိတ်မောသံကြီးကြောင့် သူပြုံးလိုက်မိသည်။
ဆိုင်မသွားတာ လဝက်နီးပါးခန့်ကြာသွားပြီမို့ သူ ချာတိတ်နဲ့ရော ၊ Jay နဲ့ရော ဘယ်သူနဲ့မှ မတွေ့ဖြစ်။
အိမ်တွင်ပဲ အခန်းအောင်းကာ
သူ့အားအမြင်မကြည်သည့် မိသားစုနဲ့ပင် မျက်နှာချင်းဆိုင်တာမျိုးလည်း မလုပ်ဘဲ အရင်ကလို ပေကပ်နေမိသည်။"ငါ ကြောက်တယ် Jay
ငါ့ဘဝမှာ ငါလိုချင်တဲ့အရာမှန်သမျှ ထိခိုက်ရှနာတစ်ခုမရှိဘဲ ပြီးပြည့်စုံတာတွေဆိုတာချည်းပဲ ငါရခဲ့တာ။
ဒီကလေးကျမှ ခက်နေတယ်။
အဲ့ဒီနေ့ကလို အဖြစ်မျိုး တစ်ကယ်သာ ဖြစ်သွားရင် ငါဘယ်လိုလုပ်ရမလဲ? ဘာဖြစ်သွားမလဲ? ငါ့ကိုယ်ငါတောင် မတွေးရဲမိတဲ့အထိပဲ။
ငါကြောက်တယ် Jay
ငါ ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားမှာမျိုးကို။
ဒါမှမဟုတ် ငါ မပိုင်ဆိုင်လိုက်ရမှာကို""သူ ဘာမှမဖြစ်ဘူးလေ။
မင်း လန့်သွားရုံပါ။
ဘာလို့ 'ထိခိုက်သွားမှာပဲ' ဆိုတာချည်းပဲ တွေးနေရတာလဲကွာ....""အဲ့ဒီအခိုက်အတန့်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲ? မင်းသိလား?
Jay..........။ ငါ နေရာမှာတောင် သေချာမရပ်နိုင်တော့တဲ့အထိ""ချစ်မိသွားလို့ပေါ့ အဲ့ဒါ
မင်းသူ့ကို ချစ်မိသွားလို့ Taehyung""........."
"မင်းချစ်တယ်မလား?"
"ချစ်တယ်...သိပ်ချစ်တာပေါ့။
ဒါပေမယ့် ငါ ဝန်မခံဖြစ်ခဲ့ဘူး။
ဆုံးရှုံးသွားရရင် ငါခံနိုင်ရည် မရှိနေလို့.....ဒီတိုင်းပဲ ထားလိုက်ချင်တော့တယ်""ချစ်ရင် ကာကွယ်လိုက် TaeHyung
အဖြေက ရှင်းရှင်းလေးပဲ။
ထိခိုက်ပြီး ဆုံးရှုံးသွားမှာ ကြောက်နေမယ့်အစား မင်းအပိုင်အဖြစ်သိမ်းပြီး အထိအရှမရှိအောင် ကာကွယ်လိုက်""ငါ....."
သတ္တိမရှိဘူးလားမေး?
မရှိဘူးပဲ Taehyung ဖြေမိမှာ......။
မျက်စိရှေ့တင် ချစ်ရသူက ထိခိုက်သွားတာမျိုးကို လက်တွေ့မပြောနဲ့ ၊
အတွေးထဲတောင် သူလက်မခံနိုင်။ အကြောက်တရားဟာ သူ့တစ်ကိုယ်လုံး စိမ့်ပျံ့အနိုင်ယူသွားပြီး ကောင်းကောင်းကြီး ဒုက္ခပေးသွားတာ။
YOU ARE READING
ESPRESSO & ......?