☕P☕

597 83 11
                                        

"ကျွန်တော့်ကို စိတ်ဆိုးစရာ တစ်ခုခုရှိနေတာလား?"

"မရှိပါဘူး....."

"အာ......"

ဆက်ပြောစရာစကားမရှိတော့သူနှယ် ထိုကောင်လေးက ခေါင်းအားတဆတ်ဆတ်ငြိမ့်၏။ ထို့နောက် အကြောင်းပြချက်မဲ့စွာပင် TaeHyung ၏ လက်ဖမိုးထက် အချိန်ကြာ ငေးစိုက်ကြည့်နေပြန်တော့သည်။

"Espresso က သိပ်ပြင်းတယ်။
နေ့တိုင်း မသောက်သင့်ဘူး"

အဆက်စပ်မရှိ သူထပ်ဆိုလျှင် အနှီကလေးက အံ့သြသလို မော့ကြည့်လာကာ ခေါင်းအား ငုံ့သွားတော့သည်။

TaeHyung ဘာကို အလိုမကျနေလည်း ကိုယ်တိုင်ပင် မသိတော့။
Customer တစ်ယောက်ကို ဒီလိုဆက်ဆံ၍ရလား? သူ မဆင်ခြင်ချင်....။

"ဒါဆို
Cappuccino တစ်ခွက်နဲ့
စတော်ဘယ်ရီ Mini Cake လေးယူပါ့မယ်"

"ခဏစောင့်ပေးရင် ရပါပြီ"

ထို့နောက် ထိုကလေး
စားပွဲရှိရာသွားတော့မည်ထင်သောကြောင့် TaeHyung ကျောခိုင်းကာ
နောက်ဘက်လှည့်ရန်ပြင်လိုက်စဉ် တိုးရှရှအသံလေးအား အတိအပကြားလိုက်ရလေသည်။

"တောင်းပန်ပါတယ်"

"ဟင်.....ဘာကို"

မျက်ဝန်းလဲ့လဲ့ကလေး.....။
တိုးဖျော့ဖျော့ ကြည့်လာဟန်က
TaeHyung ၏ စိတ်နှလုံးအား
ရုတ်ချည်း မွန်းကြပ်သွားစေသည်။

"ကျွန်တော်ကိုယ်တိုင်
မသိလိုက်ပဲ စိတ်ဆိုးစရာကိစ္စမျိုး လုပ်မိထားတယ်ဆိုရင်....."

"........"

TaeHyung မည်သည့်စကားကိုမှ မတုံ့ပြန်မိ.....။ စိတ်ဆိုးနေတာမျိုးလည်းမဟုတ်ပါဘဲ....ဖြေရှင်းချက်လည်းမပေးချင်......။

"အစ်ကို့ကို တောင်းပန်ပါတယ်"

ကျောပိုးအိတ်ကြိုးအား ခပ်တင်းတင်း ဆုပ်ကိုင်ကာ နွမ်းလျလျမျက်နှာဖြင့် ကျောခိုင်းသွားသော ချာတိတ်ကြောင့် TaeHyung မှာသာ
နေရာမှာတင် တောင့်ခဲကျန်ခဲ့ရသည်။

အစကတည်းက
သူပြောခဲ့တယ်မလား?
ချာတိတ်က တစ်ခါတလေ
အကြောင်းပြချက်မရှိ
ဒီလို သိပ်စိတ်ရှုပ်ချင်စရာလေး......။

>>>>>>>>>>>>

Jay မရှိခဲ့တဲ့ တစ်ပတ်လုံး ဆိုင်ကို သူသေချာကြည့်ပေးထားနိုင်ခဲ့သည်ပင်။ စိတ်ပါလက်ပါ ကူညီခဲ့ရာမှ လုပ်ငန်းကျွမ်းကျင်သည်အထိ နှစ်ပေါက်အောင် ကျင်လည်ခဲ့ပြီးသောနေရာမို့ ဝန်ထမ်းအင်အား အနည်းငယ်သာရှိသော်ငြား TaeHyung အမှားအယွင်းမရှိ အုပ်ချုပ်နိုင်သည်။

"ဆောရီး သူငယ်ချင်းရာ...."

Jay မျက်နှာက အားနာနေဟန် အပြည့်။ TaeHyung နားလည်ပါသည်။

"ငါ့သူငယ်ချင်း အကောင်းစားလေးကို အားတော့နာပေမယ့် ဒီတစ်ပတ်လုံး ငါ့အစ်မ ဆေးရုံကဆင်းဖို့က
ဘယ်လိုမှ မဖြစ်နိုင်လို့ပါ"

"ရတယ် ငါအေးဆေး"

"အေးဆေးဆို ငါဝင်လာကတည်းက
မင်းက မှုန်ကုပ်နေတော့
ရာသီဥတု မကောင်းတော့ဘူးထင်နေတာ "

"မဟုတ်ပါဘူး Jay ရာ....
အာရုံစားစရာလေးရှိနေလို့ပါ"

ရက်သတ္တပတ်အကြာထိ ပိုင်ရှင်ကင်းမဲ့နေသော ထောင့်ဆုံးက စားပွဲလေးအား TaeHyung အလိုမကျစွာ လှမ်းကြည့်မိသည်။ Jay က သဘောပေါက်ဟန်ဖြင့် ဟက်ဟက်ပက်ပက်ရယ်ချလာပြီး -

"မင်းအာရုံစားတာ သိပ်တော့ မဆန်းဘူးပဲ။ ကောင်လေးက ချစ်စရာလေးလေ"

"ဘာ!"

"ထောင့်နားလေးထိုင်တတ်တဲ့ ကျောင်းသားကို ပြောတာမလား?
ချစ်စရာလေးလေ....အဟင်း..။
မျက်မှန်ကလေးနဲ့မို့ အူတူတူရုပ်လေးပေမယ့် တစ်ခါတလေ ဆန်းလွန်းတာတွေထက် အဲ့လိုရိုးရှင်းတာလေးတွေက ငါတို့ကို ပိုစွဲလမ်းစေတယ်မလား?"

TaeHyung အံကို ဖိကြိတ်ကာ Jay ၏ ပေါ့ပျက်ပျက် စကားများအား မတုံ့ပြန်မိ.....။

"လခွမ်းထဲမှ!
မျက်မှောင်ကြီး ကြုံ့မထားနဲ့ကွ...။
ငါက စတာ"

"ဘာဆိုင်လို့လဲ? ငါနဲ့"

"မသိဘူးလေ ဆိုင်မဆိုင်....။
အဲ့ကောင်လေးကတော့
ဆိုင်ချင်နေတဲ့ပုံပဲ....။ မင်းကို ခိုးခိုးကြည့်နေတာ ငါတွေ့တယ်။
ပွေပွေရှုပ်ရှုပ်မင်းနဲ့တော့
အဲ့မအူမလည်လေး ဒူးနဲ့ မျက်ရည်သုတ်ရအုန်းမှာပါပဲ....အဟွန်း"

"တော်စမ်းကွာ....
မင်းဘာသာ ဆိုင်စောင့်တော့
ငါလစ်ပြီ"

ဘာလို့မလာတော့တာလဲ?ဆိုသည့်အတွေးများကြားမှ နွမ်းလျလျမျက်နှာကလေးအား Taehyung ပြန်မြင်ယောင်မိသွားသည့်အခါ စိတ်တွေသည် အပြင်ဘက်၌ အုံ့မှိုင်းနေသော မိုးများလို
ရွာတော့မလို.....ပြိုတော့မလိုလို။

သိပ်ခက်တာပဲ ချာတိတ်......။

ရိုးရှင်းတယ်ထင်ရပေမယ့်
မင်းက တစ်ကယ်ရှုပ်ထွေးလိုက်တာလေး။

>>>>>>>>>>>>>>>>>

701 words✍ = 6.8.2024☕💭

ESPRESSO  & ......?Where stories live. Discover now