"ချာတိတ်~~"
"ဗျာ....အစ်ကို"
"အဟင်း"
သဘောတကျ ထွက်သွားသည့် သူ့အသံကြောင့် ထိုကလေးက နားမလည်နိုင်ဟန် ကြောင်အမ်းသွားရ၏။
"ဘာလို့....ဘာလို့ရယ်တာလဲဗျ?"
"မရယ်ပါဘူးကွ....။
သဘောကျလို့ပါ မင်းထူးတာလေး""အစ်ကိုကလည်းဗျာ...."
ဖုန်းနဲ့ပြောနေလို့သာပေါ့။
မျက်နှာချင်းဆိုင်သာဆို ဒီကလေးပါးနှစ်ဖက် ဘယ်လောက်တောင် ရဲနေလိုက်မလဲ??.......။တွေးမိသွားတော့လည်း တစ်ချိန်ထဲမှာပဲ သူ့ရယ်သံခပ်ပါးပါး ထပ်မံလွင့်ပျံသွားတော့ ချာတိတ်ဘက်က ခေတ္တတိတ်ဆိတ်နေပြီးမှ သတိထားမိဟန်ဖြင့် -
"အခုရယ်နေတာပဲကိုလေ
ထပ်ပြီးတောင်မှ""သဘောကျလို့ပါ....။
ချာတိတ်ရှက်....မဟုတ်ဘူး....
ချာတိတ် 'ဗျာ' လို့ ထူးတာလေးကို
တစ်ကယ်သဘောကျနေလို့""မဟုတ်ဘဲနဲ့"
ပိုမိုတိုးဝင်သွားသော အသံလေး။
ကလေးအရွယ်တွေ စိတ်မဝင်စားခဲ့တာတောင် ဒါလေးကိုကျမှ
ဘယ်တုန်းကတည်းကများ
သူချစ်မိသွားခဲ့တာပါလိမ့်?......။ပိုမိုသေချာလာသောစိတ်တွင် အပိုင်သိမ်းထားလိုသည့်အတ္တအချို့ ကပ်ငြိပါလာသည့်အခါ Taehyung ထွက်မပြေးချင်တော့။ ရှေ့ဆက်တိုးရန် အပြည့်ဖြစ်လာသော သတ္တိတို့သည် ခန္ဓာကိုယ်နေရာအနှံ့အပြား ထူးဆန်းစွာ ဖြစ်တည်နေသည်။
"ချာတိတ်~"
"........."
ခုနကလို သူ ရယ်နေမလား?....ဟု
ထိုကလေးက တွေးနေပုံရ၏။
ပထမခေါ်သံတွင် ပြန်မထူးလာခဲ့။
သို့သော် သူမရပ်တန့်ပါပဲ နောက်တစ်ကြိမ် ခပ်တိုးတိုး ခေါ်ဆိုမှုတွင်တော့ -"ချာတိတ်~"
"ဗျာ....အစ်ကို"
ကြည့်ပါလား?......။
ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေးလဲ?........။ကွာဟတဲ့ အသက်အရွယ်တွေကိုတောင် သဘောကျလိုက်တာ။
ဒီကလေးနဲ့ကျမှ.....။
တစ်ကယ်ကို ခက်တော့တာပါပဲ.... ။
YOU ARE READING
ESPRESSO & ......?