☕?☕

206 45 20
                                    

အချိန်ကား မနက် ၈ နာရီစွန်းစွန်း။

စက်ပိတ်ထားသော ဖုန်းအား ကြိမ်ဖန်များစွာ စိတ်ကျေနပ်မှု မရမချင်း သူခေါ်ဆိုပြီးနောက် ခုံပေါ်တွင်ပင် ခြေပစ်လက်ပစ် ထိုင်ချမိတော့သည်။

မနေ့ညက
သူတန်းစီပို့ထားသော စာများအားလည်း ထိုကလေး ကြည့်မထား။

ဘာလို့လဲ??
ချစ်ပေးမလို့ပါ.....။
နောက်ကျပျက်ကွက်ခဲ့တာတွေအတွက် အတိုးချပြီး ချစ်ပေးမလို့ပါ။
ချစ်တတ်အောင် ၊ သတ္တိရှိအောင် သူ့ဘဝထဲ ဇွတ်တိုးဝင်လာသည့် ပိုးဖလံကလေးကို အတိအကျ အပိုင်သိမ်းပစ်တော့မလို့ပါ......။

အခုက ဘာဖြစ်တာလဲ?
ဘာဖြစ်တာလဲ? ကလေးရာ...။

ဘွတ်ကင်လုပ်ထားသောဆိုင်မှ ခေါ်ဆိုလာသည့်ဖုန်းအားလည်း စိတ်မပါစွာ ဖြေဆိုရင်း Jay ရှေ့တွင်ပင် သူပြိုလဲပြနေမိတာက.....
ကြိုက်မရှက် ၊ ငိုက်မရှက်မို့ပါပဲ.....။

ချစ်မိသွားတော့လည်း ဒီလိုမျိုး အလဲလဲအကွဲကွဲတွေ......။

သူပြောသားပဲ.... ။
ဒါကြောင့် မချစ်ချင်တာလေ....။
ပိုင်ဆိုင်ပြီးမှ  ဆုံးရှုံးရတာရော
မပိုင်ဆိုင်ရသေးခင် ဆုံးရှုံးရတာရော
အတူတူပဲ....။ တစ်ခုမှ သက်သက်သာသာဒဏ်ရာမရှိ.....။

"ဖုန်းမကိုင်ဘူးလား?"

"အင်း....
ငါ အိမ်လိုက်သွားရမလား?"

"နေပါအုန်းကွ...
ညနေထိတော့စောင့်ပါအုန်း။
မနေ့ညကထိတောင် စကားပြောဖြစ်သေးတယ်မလား? မင်းတို့"

"အင်း"

စိတ်မပါ လက်မပါ 'အင်း'ဟူသော သံရှည်ဆွဲဖြေသံက TaeHyung ၏ အနုတ်ပြနေသော စိတ်အခြေအနေအား အတိအကျ ဖော်ပြနေတာမို့ Jay လည်း ဘာဆက်ပြောရမှန်းမသိတော့။

"ငါ သတ္တိမရှိရင်တောင်
သူ့ဘက်က ရှေ့တိုးလာပေးမယ်ဆိုပြီး
ငါ ......"

".........."

"ငါ အတည်ကြီးလည်း ချစ်ရော........"

တိမ်ဖျော့တိုးငင်သွားသောအသံနဲ့အတူ မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်ကာ ခပ်ပြင်းပြင်း အသက်ရှူသံက Taehyung ဆီမှဆိုတာ Jay သိပ်တောင်မယုံချင်။

ESPRESSO  & ......?Where stories live. Discover now