"ParkJimin တဲ့.....။
နာမည်လေးလည်း လူလိုပဲ
သိပ်လှလှလေး""ဘယ်လိုသိတာလဲ?"
"ဒီဆိုင်မှာ စထိုင်ကတည်းက သိတာ"
"ဟေး! ဟေး! KimTaeHyung
သွက်လှချည်လား? ငါ့ကောင်""သူ့မိသားစု ဘယ်မှာနေပြီး ဘယ်မှာ အလုပ်လုပ်တာ ၊ မွေးချင်းဘယ်နှစ်ယောက်ရှိတာ ၊ အထက်တန်းကို ဘယ်မှာပြီးပြီး တက္ကသိုလ်ကို ဘယ်မေဂျာနဲ့ ဘယ်မှာ ဆက်တက်နေတာ၊ မနက်စာကို ဘာနဲ့စားခဲ့တာကအစသိတယ်"
"Ohh! လေးစားတယ်ညီ"
Jay က ရုတ်တရက်
ထိုင်နေရာမှ မတ်တပ်ထရပ်ကာ သူ့အား အလေးပြု၏။ TaeHyung ရှက်ရမ်းရမ်းကာ တစ်ချက်လှမ်းကန်ပစ်လိုက်သည်။"မျက်မှန်ပါဝါဘယ်လောက်ဆိုတာပါ
ပြောပြရအုန်းမလား? အဟင်း""တော်ပါပြီ ဆရာသမားရယ်"
မျက်နှာအား မော်ချီကာ TaeHyung ဂုဏ်ယူဝင့်ကြွားစွာဆိုတော့ Jay က
"မနိုင်ဘူး" ဆိုကာ ခေါင်းရမ်း၏။"ဒါပေမယ့် မလာတော့ဘူးနော်။
ငါ ရောက်ကတည်းက မင်းချာတိတ်ကို မတွေ့သလိုပဲ""အင်း"
"ဘာအင်းလဲ? မင်းအသံက
အားမရှိသလိုကြီး"TaeHyung အကျဉ်းချုံးကာ ပြောပြလိုက်လျှင် Jay ၏ မိမိမိုက်မိုက်
မျက်နှာပါ မျောက်မှိုင်မှိုင်သွားရသည်။"GF ရှိတာလား?
ငါက ဒီချာတိတ်လေး မင်းကို ညွှတ်နေတယ်ထင်တာ""ငါ အစကတည်းက ရိပ်မိပါတယ် ။
ကလေးပါကွာ....
စိတ်ကစားတဲ့ အရွယ်လေးလေ""ဒါပေမယ့် တစ်ကယ်လို့ မင်းကို
သဘောကျနေတာ တစ်ကယ်ဆိုရင်ရော....""ကလေးတွေက အချစ်အကြောင်းဘာသိမှာလဲ?"
"မင်းကို သဘောမကျဘဲ ကောင်မလေး တစ်ကယ်ရှိနေတာ ဆိုရင်ရော...."
"Jay!!!"
"ဘာလဲ? မနက်စာ ဘာနဲ့စားခဲ့လဲကအစ မင်းသိတယ်ဆိုရင် သူဘယ်သူ့ကို သဘောကျနေလဲ?ဆိုတာလောက်က သိသင့်တယ်မဟုတ်ဘူးလား?"
ရက်သတ္တပတ် တစ်ပတ် ၊ တစ်ပတ်ကနေ နှစ်ပတ် အရိပ်အယောင်ပင်မပြ
ဆိုင်မလာတဲ့ ကောင်ကလေးကြောင့် မတင်မကျဖြစ်နေသည့်စိတ်တွေက Jay အပေါ် စုပြုံသွားသည်။
YOU ARE READING
ESPRESSO & ......?