☕E☕

615 83 23
                                        

"မင်း Jay ကို ကြိုက်နေတာလား?"

ထပ်ပြီး TaeHyung အဓိပ္ပါယ်မဖော်တတ်ပါသည့် မျက်ဝန်းများဖြင့် ချာတိတ်က မော့ငေးလာပြန်၏။
ကြိုက်တယ်လည်းမပြော
မကြိုက်ဘူးလည်း မငြင်း......။

ဒီတိုင်း အတန်ကြာ ရှိနေပြီးမှ
မျက်တောင်ဖျားအား တစ်ချက်ခန့်မျှသာ ခတ်ကာ ခေါင်းအားငုံ့ချသွားတော့သည်။

အပြင်ဘက်က ရာသီဥတုသည် TaeHyung စိတ်နဲ့အပြိုင် ဖြည်းဖြည်းချင်း
အုံ့မှိုင်းလာသယောင်.....။

"Snowy Mocha......~
Whipped cream မပါတာ...။
ပြီးတော့ ကျွန်တော် Cake မယူဘူး"

သိုးမွှေးဆွယ်တာမီးခိုးရောင်လေး၏ အနားစွန်းအား ဖိချေကာ တစ်လုံးချင်း တိုးသက်စွာ ဆိုလာပေမယ့် TaeHyung ကို လုံးဝမော့ကြည့်မလာ။

ဝမ်းနည်းသွားတာလား?
မေးခွန်းတွေမဖြေချင်နေတာလား?
မိမိနဲ့ စကားဆယ်ခွန်းပြည့်အောင်ပင် ရင်းရင်းနှီးနှီး မပြောဖူးပါသော ၊
တစ်နည်းဆိုရလျှင် Customer တစ်ယောက်ထက် ပုဂ္ဂိုလ်ရေးအရ ပိုမပတ်သက်ဖူးပါသော ချာတိတ်လေးအား TaeHyung စည်းကျော်ချင်မိသည်။

စတွေ့ကတည်းက အနှီကောင်လေး၏ မျက်ဝန်းထဲမှ အဓိပ္ပါယ်အချို့ဖတ်မိခဲ့၍
စိတ်ထဲနေရာပေးမိခဲ့လား? ၊
ဆိုင်မလာတော့သည့်နေ့မှစ၍
ချာတိတ်က သူ့စိတ်ထဲ အပြည့်အဝနေရာယူလာသလား? ၊
သို့တည်းမဟုတ် Jay ကို ပြုံးပြလိုက်လို့လား???
Coffee တွေ မသောက်ရပါပဲ ကိုယ်တိုင်ထုတ်မိသည့် မေးခွန်းများကြား TaeHyung ရင်တုန်ချင်လာမိသည်။

ချာတိတ်ရော သူရော
နေရာမှ မရွေ့မိ။

နေရခက်သော ထိုအခြေအနေကြား
နှစ်ယောက်လုံး ငြိမ်နေမိစဉ်မှာပင်...

"ငါတို့ကျားပေါက်လေး အလုပ်များနေတာလား?"

ရုတ်တရက်ကြီး ရောက်ချလာသည့်
Ha-Rin ကြောင့် TaeHyung
နှုတ်ခမ်းစွန်းတွေ ကော့ညွှတ်သွားသည်အထိ ပြုံးလိုက်မိသည်။

"လွမ်းနေတာ....
ဘာလို့ နောက်ကျမှ လာရတာလဲ?"

"ဟင်??"

Ha-Rin သည် သူ့ကစားကွက်အား
မရိပ်မိ ၊ အူကြောင်ကြောင်နဲ့ လူကိုကြည့်လာသည်။
TaeHyung ညာဘက်လက်က ရုတ်ချည်းပင် Ha-Rin ၏ ပုခုံးထက် သိမ်းဖက်လိုက်ပြီး ၎င်းအဖြစ်အပျက်အား ငေးမောကြည့်နေသည့် ချာတိတ်မျက်ဝန်းအိမ်တွေကမူ ပိုမို အရောင်ဖျော့သွားကြတော့သည်။

ESPRESSO  & ......?Where stories live. Discover now