☕S☕

478 75 11
                                    

"ဒီကလေး
ဘယ်တော့မှ အကုန်မသောက်ဘူး"

အချိန်ပိုင်းပြီးလို့ အပြင်ဝတ်လဲပြီး ပြန်ဖို့ပြင်တော့ Jay ဆီက ထွက်လာတဲ့ အသံက အနှီချာတိတ်ကလေးထိုင်သွားတဲ့ ထောင့်စားပွဲနားဆီက။

"ဘာဖြစ်တာလဲ? Jay"

"Espresso ကို တစ်ငုံစာလောက်ပဲ သောက်ပြီး အမြဲထားခဲ့လို့လေ...
ဒီနည်းနည်းလေးပါတာကိုတောင်
အကုန်သောက်မသွားဘူး။
တစ်ခါနှစ်ခါလည်း မဟုတ်ဘူး။
အမြဲတမ်းပဲ"

TaeHyung သတိမထားမိပါ.....။
အချိန်ပိုင်းလုပ်နေသည့်တစ်လျှောက်လုံး Jay က စားပွဲရှင်းသည့် တာဝန်ကို ယူထားတာမို့.....။

"နေ့တိုင်းလာသောက်တော့
ကြိုက်တယ်ထင်နေတာ ...။
ဘယ်လိုကလေးလဲ?"

"TaeHyung
သူက အကြောင်းပြချက်ရှာပြီး ဆိုင်လာထိုင်နေတာလည်း ဖြစ်နေနိုင်တာပဲ"

"ငါမြင်သလောက်က
သူအမြဲ စာပဲလုပ်နေတာကို"

"မသိဘူးကွာ
ကိတ်တော့ကြိုက်ပုံရတယ် ။
အကုန်စားသွားပေးတာပဲကျေးဇူးတင် ဟားဟား"

အဖြေမထွက်ပါသည့် ပဟေဠိကလေးသည် Jay ပြောသလို
Espresso ကို တစ်ကယ်ရော ကြိုက်ပါရဲ့လား?.......။

TaeHyung ရွေးပေးတတ်သည့် အရသာမျိုးစုံ သစ်သီးကိတ်ကလေးတွေရော ......?.......။

ချာတိတ်က တစ်ကယ်
တွေးရခက်လိုက်တာ
သိပ် အရှုပ်ကလေး.........။

>>>>>>>>>>>>>>>>>

တစ်ခုသော တနင်္ဂနွေ.....။

ညနေစောင်းသည်အထိ မတိတ်ပါဘဲ
တစ်နေကုန်စွေနေသော မိုးကြောင့်
အေးစိမ့်နေပြီး TaeHyung မည်သည်ကိုပြေးလွမ်းရမည်မသိ.....။
ဆိုင်ထဲတွင် လူတစ်ယောက်စ
နှစ်ယောက်စသာရှိနေပြီး
မိုးသံဖျောက်ဖျောက်ကလေး
ကြားရသည်အထိ တိတ်ဆိတ်ကာနေ၏။ ထို့ကြောင့် Espresso တစ်ခွက် ပြေးယူပြီး အေးစိမ့်စိမ့်ရာသီ ဥတုအား အပြည့်အဝ ခံစားပစ်လိုက်သည်။

Heize ၏ On rainy Days က
ဒီနေ့လိုတွေမှာ ပြင်းရှခါးသက်မှုနှင့်
သိပ်လိုက်လိုက်ဖက်ဖက်ပါပင်......။

ထို့နောက်
မှန်တံခါးဆီ အကြည့်ပို့လိုက်တော့
ထီးအဝါရောင်လေးက မြင်ကွင်းထဲ နေရာယူလာ၏။

ချာတိတ်ကလေး......။

သို့သော် TaeHyung အရင်နေ့တွေလို မပြုံးနိုင်ပါ။ အနှီကောင်လေး၏ ဘေးတွင် ချစ်စရာ ဆယ်ကျော်သက်ကောင်မလေးတစ်ဦးက နေရာယူထားခဲ့သည်မို့.......။

"Cappuccino နှစ်ခွက်ပေးပါ"

သွက်လက်ကာချစ်စရာကောင်းသော
ကောင်မလေးက အနှီချာတိတ်လေးလို မျက်မှန်ကြည်ကလေးနဲ့.....။

TaeHyung အကဲခတ်သလိုကြည့်လိုက်ပါလျှင် ချာတိတ်၏
မျက်မှန်အောက်က မျက်ဝန်းကလေးတွေဟာ TaeHyung အား အားနာနေဟန်.....။သို့တည်းမဟုတ် ၎င်းမှာနေကျ Espresso ကိုလား?......။

ရည်းစားထားတော့မှာဆိုပြီး
တစ်ရက်ကလေးပဲခြားကာ ခေါ်လာပြသလိုပင်ထင်ရသည်။
ထို့နောက်တွင်တော့ ထိုင်နေကြထောင့်စွန်းဝိုင်းဆီ ချာတိတ်ကပင် ဦးဆောင်ခေါ်သွား၏။
ယနေ့တွင်တော့ စာလုပ်မည့်ပုံမရ။
စာအုပ်တွေလည်း မပါကြပါဘဲ
၎င်းကလေးမ ပြသောဖုန်းအား တစ်ချက်ချက်ကြည့်ကာ မျက်ဝန်းအိမ်တို့ မှေးမှိတ်သွားတော့မတတ် ရယ်မောနေပါသည့် ချာတိတ်ကလေးအား
အမြင်ကပ်ဖွယ် တွေ့ရပါတော့သည်။

>>>>>>>>>>>>>>

10:13 AM........။

တစ်ပတ်ခန့်စွေသွားသော ကိုရွှေမိုးသည် ပျောက်ချင်းမလှပျောက်သွားပါပြီး ယနေ့တွင်မူ ရာသီဥတု အနည်းငယ်ကြည်လင်ကာ တိမ်ရှင်းနေ၏။

"Espresso တစ်ခွက်ပေးပါ"

အပြာနုရောင်ရှပ်ပွဝတ်ထားသော
ချာတိတ်က ကောင်းကင်ပြာတွေလို လွင့်လွင့်လျလျကလေး။

ဒူးထိသာရှိသော ဘောင်းဘီက အဖြူရောင်ဖြစ်ကာ သူ့အသားအရည်နဲ့ ထပ်တူကျနေ၏။

"ချိုတာလေးယူစေချင်တယ်"

"ဘာ...ဘာလို့လဲ?"

"ချိုတာလေး ခံစားစေချင်လို့"

"ဒါဆို.... အဆင်ပြေတာကိုပဲ...."

"မဟုတ်ဘူး...ကိုယ်က
မင်းတစ်ကယ်ကြိုက်တဲ့ဟာကိုပဲ
ရွေးစေချင်တာ"

အံ့သြကာ ဝေခွဲမရဟန်မော့ကြည့်လာသည့် မျက်မှန်အောက်က မျက်ဝန်းကြည်တွေအား TaeHyung အလျှော့မပေးလိုက်ချင်.....။

"အဆင်ပြေသလို ရွေးချယ်လိုက်တာမျိုးမဟုတ်ဘဲ....မင်းတစ်ကယ်သဘောကျတာမျိုးကို"

"........."

"ကိုယ်ပြောတာ ......"

"ကျွန်တော့်ကို စိတ်ဆိုးစရာ တစ်ခုခုရှိနေတာလား?"

>>>>>>>>>>>>>>>>

4.8.2024✍ = 672 words☕💭

ESPRESSO  & ......?Where stories live. Discover now