☕S☕

442 69 19
                                    

"ကားသော့! "

"ရော့"

Jay ပစ်ပေးသော သော့အား ဖမ်းယူကာ အနှီချာတိတ်ကလေးကျန်ခဲ့သည့် ဆွယ်တာအား ယူငင်၍ ဆိုင်ထဲမှ ပြေးထွက်သွားဟန်က အလျင်စလို.....။

"တစ်ကယ့်ကောင်ကွာ...."

"အပူသည်ဖြစ်နေတာ။
ရည်းစားမထားဖူးတဲ့အတိုင်းပဲ"

Ha-Rin က အတောက်ခံထားရ၍ ခပ်ရဲရဲဖြစ်နေသော နဖူးအား အသာပွတ်ကာ မကျေမချမ်းဆိုသည်။

"ဟာ...ဟေ့ကောင်! KimTaeHyung!
Apron! Apron "

ကားတံခါးဆွဲဖွင့်နေသူက အထဲမှ Jay ၏ အလန့်တကြား အော်ဟစ်သတိပေးသံကြောင့် သူ့ကိုယ်သူ ငုံ့ကြည့်ကာ ဟီးခနဲ တစ်ချက်ရယ်ပြလာသည်။ထို့နောက် Apron အား ချွတ်ကာ ကားနောက်ခန်းထဲ ပစ်ထည့်၏။

တစ်ကယ်တော့ မီးဖိုချောင်သုံး Apron ဆိုတာထက် TaeHyung ဂျီးများကာ သူ့စိတ်ကြိုက် သီးသန့်ဒီဇိုင်းအပ်ထားသည့် Cafe Apron မို့ သုံးထားသည့် အညိုရောင်နဲ့ Logo က အစ အတော်လေးလှသည့်အထဲပါသည်။

သို့သော်ငြား မည်မျှပင်လှစေကာမူ ဖွင့်ပြောမည့်အချိန်တွင်တော့ ဝတ်ထား၍ မဖြစ်ဘူးမလား?.....။

"KimTaeHyung
ဘယ်လိုတောင်ဖြစ်နေလဲ? မင်း!"

Jay က ရယ်သွမ်းသွေးကာ
TaeHyung ပုံစံအား သဘောကျနေသည်။ ဒီလောက် ပြာယာခတ်နေအောင် ဖြစ်နေသည့်ပုံစံအား သူ့ရည်းစားဟောင်းများသာ မြင်တွေ့ကြပါက သွေးတို့ဆောင့်တက်ချင်သွားကြမည်ထင်၏။

အကြောင်းမသိသူတွေဆိုရင်
ရည်းစားမထားဖူးဘူးထင်နေကြအုန်းမည်။ ရည်းစားလေးတစ်ယောက်ရတာကို မျောက်အုန်းသီးရသလို ဘယ်ကစခွဲရမလဲ? တစ်ယောက်ထဲ တိုင်ပတ်နေသည့်ကောင်.....။

>>>>>>>>>>>>>>>>

စိမ့်နေအောင်အေးသော မိုးသည်
TaeHyung အား အနည်းအကျဉ်းသော်မျှ လာရောက်မရိုက်ခတ်နိုင်။
စိတ်လှုပ်ရှားသည်။
စိတ်လှုပ်ရှားနေတာမို့ လက်တွေသည် ချွေးစေးတွေအပြည့်။

"ချာတိတ်ရော ကိုယ့်ကိုချစ်နေတာပေါ့။ ဒါကြောင့် ဆိုင်ကို ခနခနလာတာလား?....။ ဘာလို့ Jay ကိုလို့ထင်ရအောင် ကိုယ်အထင်မှားအောင် နေရတာလဲကွာ..."

ESPRESSO  & ......?Where stories live. Discover now