Chapter 141

1.7K 244 3
                                    

Chapter 141

ညအချိန်က မှင်ကဲ့သို့ နက်မှောင်လာသည်။

ပင်မ ခန်းမကြီးတွင် ညလင်းပုလဲများက အလင်းမှိန်ဖျော့ဖျော့နှင့် အနွေးဓာတ်ကို ထုတ်ပေးနေသဖြင့် နတ်ဆိုးဘုရင်များ၏မျက်နှာပေါ်ရှိ အမူအရာများကို ရှင်းလင်းပြတ်သားစွာ ထွန်းလင်းပေးနေသည်။

ဟမ်ကျု့ယင်က မြင်းကွင်းကျယ်ကျယ်မှ ကြည့်နေခဲ့သည်။ လူတိုင်းက နတ်ဆိုးသန့်စင်နည်းစနစ်  တည်ရှိခဲ့ကြောင်းသိကြသည်။ ရှန်းလျိုရှန့်က အောင်အောင်မြင်မြင် သန့်စင်ပြီးနောက်တွင် သူတို့၏ ရည်ရွယ်ချက်များက မျက်နှာပေါ်တွင် ရေးသားထားကြသည်။ သူတို့က ရှန်းလျိုရှန့်ကို ချက်ချင်းဖမ်းဆီး၍ ချုန်းချီကို လွှတ်ပေးကာ သူတို့ကိုယ်တိုင် သန့်စင်ချင်ကြသည်။

ဟမ်ကျု့ယင်က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
အရူးတစ်သိုက်တွေ... ချုန်းချီကို သန့်စင်တာ အောင်မြင်တော့ ဘာဖြစ်လဲ...အနှေးနဲ့ အမြန် တန်ပြန်တိုက်ခိုက်မှုကို ခံစားရမှာပဲလေ...

ရှန်းလျိုရှန့်က ချုန်းချီထံမှ တန်ပြန်တိုက်ခိုက်ခံရကာ ဝိညာဉ်ပျက်ဆီးသွားသည်မှာ ကြာလောက်ပြီဖြစ်လိမ့်မည်။ ဟမ်ကျု့ယင်စိတ်ပူလျက်ရှိသည်မှာ ချုန်းချီကို ဖြစ်နိုင်သမျှမြန်မြန် ရှာဖွေရန်သာ ဖြစ်သည်။

ခန်းမက အချိန်အတန်ကြာ တိတ်ဆိတ်နေသဖြင့် ဟမ်ကျု့ယင်က ချောင်းဟမ့်လိုက်သည်။
"လက်ရှိအစီအစဉ်အရ အဲဒီလူယုတ်မာကို ဖြစ်နိုင်သမျှ မြန်မြန်ရှာဖွေရမယ်...ဒါပေမဲ့ ရှာတွေ့ခဲ့ရင် အလျင်စလို မပြုမူဖို့ သတိရပြီးတော့ အရင် သတင်းပေးရမယ်...မဟုတ်ရင် မင်းတို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ရှန်းလျိုရှန့်က သေချာပေါက် လွတ်သွားလိမ့်မယ်..."

စကားတစ်ဝက်ခန့်တွင် ရုတ်တရက် အသံတိတ်သွားသည်။

နန်းတော်တံခါးက ခပ်ကျယ်ကျယ်ပွင့်ဟသွား၍ ထိုနေရာတွင် ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေသည်။

လူငယ်လေးက သွေးစွန်းနေသော အရောင်ဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားသည်က ညအချိန်တွင် အနီရောင်ဝတ်ဆင်ထားသည့်နှယ် ထင်ရသည်။ မျက်ခုံးများ အနည်းငယ်မြင့်တက်သွားလျက် နှုတ်ခမ်းထောင့်များ တွန့်ကွေးလာပုံမှာ ဟမ်ကျု့ယင်နှင့် အထူးတလှယ်ရင်းနှီးနေပေသည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်း [ Completed ]Where stories live. Discover now