Chapter 22

502 89 0
                                    

ပုံရိပ်မည်း

စားသောက်ပွဲကြီး ပြီးဆုံးသွားသောအခါ အချို့နတ်ဆိုးများသည် ရုန်ရှောင်းနှင့်ဝမ်ယန့်အား နားနေခန်းဆီသို့ လိုက်ပို့ကြသည်။

၎င်းသည် မီးကဲ့သို့ရဲနေသော မေပယ်လ်သစ်ပင်နှင့် ထင်းရှူးပင်ပုလေးများကို စိုက်ပျိုးထားသည့် သစ်ပင်ပန်းမာန်များနှင့် ခြံဝန်းဖြစ်သည်။ သစ်ပင်များ၏အောက်တွင် ကွေ့ကောက်သော ကျောက်ခင်းလမ်း ရှိပြီး အထဲမှာတော့ ယင်ရှန်းမှ ထူးခြားသော ဆေးဖက်ဝင်အပင်များ ပါ၀င်သည့် ရေပူစမ်းတစ်ခုလည်း ရှိပြီး မွှေးရနံ့သင်းသင်းလေး ရနေသည်။အိမ်တွင်းအပြင်အဆင်က ရုန်ရှောင်း၏အကြိုက်အတိုင်းစီစဥ်ထားရာ ရိုးရှင်းပြီး ကျက်သရေရှိသည်။

တစ်ခုတည်းသော အားနည်းချက်မှာ အခန်းထဲ၌ ကုတင်တစ်လုံးသာ ရှိနေခြင်း ဖြစ်သည်။

ယင်ရှန်း၏ဘုရင်ဖြစ်သူသည် သူ၏အတွေးနှင့် ဆုံးဖြတ်ချက်များက သင့်တင့်လျောက်ပတ်သည်ဟု အထင်ရှိနေသည်။ ရုန်ရှောင်းနှင့် ဝမ်ယန့်က တရားဝင်လက်မထပ်ရသေးသော်လည်း တရားဝင် စေ့စပ်ထားပြီးဖြစ်ရာ ကုတင်တစ်ခု၌ အတူအိပ်သည်က သဘာဝပင်ဖြစ်သည်လေ။

နတ်ဆိုးများသည် ရှေးရိုးဆန်သူများမဟုတ်ကြရာ သူတို့သည် သေချာပေါက် ဘက်လိုက်သည့်မျက်လုံးများဖြင့် အကဲဖြတ်ကြမည် မဟုတ်ပေ။

ဝမ်ယန့်သည် အိပ်ယာအစွန်းတွင် ဝင်ထိုင်ပြီး သူ့ခြေထောက်များကို လွှဲယမ်းနေသည်။ သူ့လက်မောင်းများထဲတွင်လည်း ခေါင်းအုံးလေးတစ်လုံးကို ကိုင်ထားသေးသည်။ ကုတင်က အတော်မြင့်သဖြင့် ကြမ်းပြင်ကို ခြေဖျားဖြင့်သာ ထိထားနိုင်သည်။

ရုန်ရှောင်းသည် သူနှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေရင်း ကုတင်၏အရွယ်အစားကို အကဲဖြတ်သည့် အကြည့်များဖြင့် ကြည့်နေသည်။ လူလေးယောက်သက်တောင့်သက်သာ အိပ်လို့ရသည်အထိ ကျယ်ပြန့်သည်ပဲ။

''နောက်ကျနေပြီ။ အခန်းပြန်စီစဥ်ပေးဖို့ တခြားသူတွေကို အနှောင့်အယှက်မပေးချင်တော့ပါဘူး။ ဒီတိုင်းပဲ အိပ်လိုက်ကြစို့။ ဒီညခင်ဗျားကို အနှောင့်အယှက်မဖြစ်စေရဘူးလို့ ကတိပေးပါတယ် ''

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now