Chapter 11

1K 167 7
                                    


ဖိတ်ကြားလွှာမရှိခြင်း

ဝမ်ယန့်နှင့်သူ့သူငယ်ချင်းများသည် သွားလိုရာ ခရီးပန်းတိုင်သို့ အလျင်အမြန်ရောက်ရှိသွားကြသည်။ 

ခန်းမကြီးအား မှိန်ဖျော့ဖျော့အလင်းရောင်များဖြင့် တခန်းလုံးအား ခမ်းနားစွာ အလှဆင်ထားပြီး  စားပွဲပေါ်တွင် အထဲ၌ ဖယောင်းတိုင်များထွန်းညှိထားသော ဖန်မီးအိမ်များစွာထားရှိထားသလို အနီးအနားတွင်လည်း မှာယူထားသည့်လတ်ဆတ်သော ပန်းများဖြင့် ပုံဖော်ထားသည်။ လေထုတစ်ခုလုံးသည် နှင်းဝေနေသလို စိတ်ကူးယဥ်ဖွယ် ခံစားချက်များကို ပွင့်လင်းစွာ ဖော်ထုတ်ပြသနေကာ ဆွတ်ပျံ့ကြည်နူးဖွယ်သတ္တိများ ဖြစ်လာအောင် ပြတ်သားစွာ တန်ဆာဆင်ထားခြင်းဖြစ်သည်။

တက်ရောက်လာကြသူများသည် ကောင်းမွန်စွာ ဝတ်ဆင်ထားပြီး အထူးသဖြင့် မိန်းကလေးများ တစ်ယောက်စီတိုင်းက လှပသောဝတ်စုံများအား ကိုယ်စီဝတ်ဆင်ထားပြီး မိတ်ကပ်အနည်းငယ်နှင့် မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် နတ်သမီးလေးများကဲ့သို့ လှပနေကြသည်။

ဝမ်ယန့်တို့သုံးယောက်သား ဝင်လာသည်နှင့် ချက်ချင်းလက်ငင်းအတန်ငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။

သူတို့သုံးယောက်လုံးဟာ ကြည့်ကောင်းသောရုပ်ရည်များရှိကြပြီး လီကျန်းနှင့် ကျင်းယွဲ့ကျယ်သည် တကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားရာ အမိုက်စားဆန်၍ တသီးတခြားခံစားချက်အား ပေးစွမ်းနေသည်။ အလည်ခေါင်ရှိ ဝမ်ယန့်ကတော့ အဖြူရောင်ဝတ်စုံဖြင့် တောက်ပနေကာ သုံးယောက်သားဟာ ထိုနေရာသို့ ဖက်ရှင်ရှိုးလျှောက်ရန် ရောက်ရှိလာသကဲ့သို့ ဖြစ်နေစေကာ အခြားသူများထက် ပို၍ ထင်ထင်ရှားရှား လင်းလက်တောက်ပနေသည်။

သို့ငြား ဝင်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့အတန်းက မိန်းကလေးများက လျှင်မြန်စွာ ဝိုင်းအုံလာခြင်းအား ခံလိုက်ရသည်။

မိန်းကလေးတစ်စုက ဝမ်ယန့်နှင့် လီကျန်းအား ဝန်းရံထားကာ သူတို့၏မျက်နှာများကို ဆွဲဆိတ်ကြည့်လျက် နှုတ်ခမ်းနီအရောင်အား မေးမြန်းနေကြသည်။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now