Chapter 16

681 124 2
                                    

စာမေးပွဲရလာဒ်

ရုန်ဟိုင်ကျောင်း၏စာမေးပွဲက Aတက္ကသိုလ်ထက် နှစ်ရက်စောပြီးရောက်လာ၏။ ယမန်နေ့ညက နောက်ကျသည်အထိ သရဲကားများ ကြည့်နေခဲ့ခြင်းကြောင့် မနက်ခင်းတွင် ဝမ်ယန့် အိပ်မှုံစုံဖွားဖြစ်နေသည်။

သူနှင့်လီကျန်းစာသင်ခန်းထဲသို့ အတူဝင်လာသော် ကလေးများအားလုံးက ရောက်နှင့်နေပြီးဖြစ်ရာ သူတို့တံခါးမှဝင်လာစဥ်တွင် ဆရာမက အတန်းတက်ရောက်သူစာရင်းခေါ်နေပြီ ဖြစ်ရာ အားလုံးက ဝိုင်းကြည့်လာသည် ။

ဝမ်ယန့်သည် သူ့မျက်နှာကို ကုပ်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ကာ လီကျန်းအား နောက်ဆုံးအတန်းသို့ ဆွဲခေါ်သွားလိုက်သည်။

ကံကောင်းစွာနှင့် သူတို့က နှစ်မိနစ်မျှသာနောက်ကျသည်ဖြစ်ရာ ဆရာမဖြစ်သူက အများကြီးတော့ ထပ်မပြောလာချေ။ သူမသည် စင်မြင့်ထက်မှနေ၍ ကြိုတင်သတိထားရမည့်အချက်များကို ကြေညာလာပြီး မှော်ဝင်လက်နက်များကို အသုံးပြု၍ လှည့်စားခြင်းကို ခွင့်မပြုကြောင်းနှင့် လိမ်လည်လှည့်ဖြားတာကို မိသည့် မည်သူမဆို အရည်အချင်းမပြည့်မှီဟု သတ်မှတ်မည်ဖြစ်ကြောင်း အသားပေးပြောဆိုလာသည်။

ပတ်ပတ်လည်ရှိ နတ်ဆိုးပေါက်စများသည် သိသိသာသာပင် စတင်စိတ်လှုပ်ရှားလာပြီး စင်အောက်မှ စကားတီးတိုးပြောလာကြသည်။

အကြားအာရုံကောင်းသော ဝမ်ယန့်သည် ရှေ့ဆုံးတန်းရှိ နတ်ဆိုးပေါက်စနှစ်ယောက် ရေရွတ်ပြောဆိုသည်ကို ကြားသည်။

'' သွားပါပြီ။ သွားပါပြီ။ မှော်ဝင်လက်နက်သာမရှိရင်တော့ အတန်းထဲက ထိပ်ဆုံးဆယ်ယောက်ထဲမှာတောင် ပါနိုင်ပါ့မလားဆိုတာ ငါ့ကိုယ်ငါ သံသယဝင်မိတယ် ''

အခြားတစ်ယောက်က ပြောလာသည်။

'' နေစမ်းပါ။ ငါဖြင့် အဆင့်တစ်ရာအတွင်းဝင်ရင်တောင် ကျေနပ်နေပြီ။ မဟုတ်ရင် ငါ့အဖေက သေချာပေါက် ငါ့ကို အပြစ်ပေးမှာပဲ ''

ဝမ်ယန့်က အင်မတန် ကိုယ်ချင်းစာနာမိ၏။ နတ်ဆိုးကလေးပင်ဖြစ်စေ လူသားကလေးပင်ဖြစ်စေ အဆင့်၏ဖိအားထံမှ မလွတ်မြောက်နိုင်သည့် ပုံပင်။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now