Chapter 26

315 72 1
                                    

ဝိညာဥ်ရိုး

ဝမ်ယန့်သည် အချိန်အတော်ကြာအောင် သတိလစ်သွားကာ တဖြည်းဖြည်းမှ နိုးလာသည်။

သူသည် နတ်ဆိုးလက်ချက်ဖြင့် အလစ်တိုက်ခိုက်ခံလိုက်ရရာ ခေါင်းကိုက်နေဆဲဖြစ်သည်။

သူ့မျက်လုံးကို အတင်းအကြပ်ဖွင့်ကြည့်လိုက်သော် ကြယ်များကို မြင်ရပြီး သူဘယ်နေရာ ရောက်နေသည်ကိုသိဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။

ပုံမှန်တီဗီဇာတ်လမ်းတွဲများထဲကလို ဂိုဒေါင်၌ အကျဥ်းကျနေခြင်းစသည့် ဇာတ်ကွက်များနှင့် မတူကွဲပြားစွာ သူ့ပတ်ဝန်းကျင်က အတော်လေးကို ပန်းချီကားတမျှ ရင်သပ်ရှုမောဖွယ် ကောင်းနေသည်။

အပေါ်သို့ကြည့်လိုက်သော် သူသည် ကြည်လင်လှသောရေကန်ထဲတွင် ငါးများကူးခတ်နေသည့် ရေကန်အကြီးကြီးတစ်ခုကိုပါ တွေ့ရသည်။

သူ့ကို ကြိုးချည်ထားသော်လည်း သစ်ပင်အောက်၌ သက်သာစွာ ထားထားပြီး နူးညံ့သောစောင်ပါးလေးတစ်ထည်ပါ ခြုံပေးထားလျက် ကူရှင်တစ်ခုကိုပါ ထားပေးထားရာ ပျော်ပွဲစားထွက်လာသည်နှင့်တောင် ဆင်တူလေ၏။

သူ့ကို ပြန်ပေးဆွဲလာသော နတ်ဆိုးက မျက်နှာချင်းဆိုင်ရှိ ဝါးကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေပြီး သူ့ကို သိမ်မွေ့စွာ ပြုံးပြလာသည်။

သူ့မျက်နှာပေါက်က သာမန်ဆန်၍ နှိမ့်ချတတ်ပြီး သဘောကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက်ဟု ထင်ရသည်။

ထိုသူသည် မျိုးနွယ်စုလေးခုအနက် စိတ်ဝင်စားခံရမှု အနည်းဆုံး ကျူးယန့်မျိုးနွယ်မှ အကြီးအကဲ ဖြစ်ပေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် အခြားမျိုးနွယ်မျိုးနွယ်သုံးစု၏အကြီးအကဲများနှင့်အတူ ဘူတာရုံ၌ ဝမ်ယန့်နှင့် ရုန်ရှောင်းအား လာကြိုခဲ့သည်။

လှပသော ရေသူမျိုးနွယ်မျိုးနွယ်အကြီးအကဲ ၊တောက်ပသော ဖီးနစ်မျိုးနွယ်အကြီးအကဲနှင့် နှိုင်းယှဥ်ပါက ကျူးယန့်မျိုးနွယ်အကြီးအကဲသည် ဘာတစ်ခုမှ မှတ်မှတ်ထင်ထင် ဖြစ်စရာ ပေါ်မနေပေ။ သူ့ပုံစံက ဘေးအိမ်က ဘာတစ်ခုမှ အသုံးမကျသော အသက်လေးဆယ်ပိုင်းအရွယ် ဦးလေးကြီးနှင့်တူကာ ဗီလိန်ပါဟု ပြော၍တောင် မယုံနိုင်လောက်ချေ။

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now