Chapter 9

1K 188 3
                                    


ဒဏ်ရာဟောင်းများ ပြန်ထခြင်း

မြူဆွယ်ဖြားယောင်းမည့်အစီအစဥ်က သနားစရာကောင်းစွာ ကျရှုံးသွားခြင်းကြောင့် ဝမ်ယန့်မှာ တညလုံးအိပ်ကောင်းချင်းမအိပ်ရပေ။ အိပ်မက်ထဲတွင်ပင် စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်ကာ ပါးစပ်က တတွတ်တွတ်ညည်းလျက်ရှိသည်။

နောက်တစ်နေ့တွင် ဆယ့်တစ်နာရီထိုးခါနီးမှ သူနိုးလာသည်။

ကံကောင်းသည်က ပိတ်ရက်ဖြစ်သောကြောင့်  ကျောင်းသွားရန်မလိုအပ်ချေ။ သူ့မျက်နှာကို ပွတ်ပြီး စိတ်ပျက်လက်ပျက်အိပ်ရာထကာ ဆက်စီ ညအိပ်ဝတ်စုံကို လဲလိုက်၍ သေတ္တာအောက်ထဲသို့ ထိုးထည့်ပြီး အဝါရောင်ဘဲရုပ် ညအိပ်ဝတ်စုံကို ပြန်လည်ဝတ်ဆင်ပြီး အောက်ထပ်သို့ ငူငူကြီး ဆင်းလာသည်။

သို့သော်လည်း ဧည့်ခန်းသို့ရောက်သော် ပုံမှန်မဟုတ်သလို အိမ်က အတော်လေးငြိမ်သက်နေသည်ကိုသာ သိလိုက်ရသည်။ ဧည့်ခန်းထဲတွင် မည်သူမျှ မရှိရုံသာမက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေတတ်သော အိမ်တော်ထိန်းကိုပါ မတွေ့မြင်ရပေ။ အိမ်တော်ထိန်းသည် သူ့အား မနက်စာစားရန် အမြဲပြောလေ့ရှိပြီး ယနေ့တွင်မူ မည်သည့်အခေါ်မှ မရှိလာ။

ရုန်ရှောင်းနှင့် အိမ်တော်ထိန်းသည် အိပ်ရာထနောက်ကျတတ်သည့်သူမျိုး မဟုတ်ရာ အောက်ထပ်တစ်ထပ်လုံးအား ရှာကြည့်ပြီးနောက် သူတို့နှစ်ယောက်သား အပြင်ထွက်သွားသည်ဟု ဝမ်ယန့်အထင်ရှိလိုက်သည်။ ထိုအတွေးက မျက်ခုံးကြီးများတွန့်ထားလျက် လင်ဗန်းအားသယ်ကာ အပေါ်ထပ်မှ ဆင်းလာသော အိမ်တော်ထိန်းအား မတွေ့ခင်အထိသာဖြစ်သည်။

ရုန်ရှောင်းနေသည့် တတိယထက်မှဆင်းလာသော အိမ်တော်ထိန်းအားတွေ့သော် ဝမ်ယန့်က သိလိုစိတ်နှင့်အတူ မေးလိုက်သည်။

‘’ရုန်ရှောင်းခုထိ အိပ်ရာမနိုးသေးဘူးလားဟင်?’’

ဒါမျိုးမဖြစ်သင့်ပေ။ ဤရက်များတွင် ရုန်ရှောင်းက ရှစ်နာရီထက်နောက်ကျပြီးမှ အိပ်ရာထသည်ကို သူမတွေ့ဖူးခဲ့။

အိမ်တော်ထိန်းက တုံ့ဆိုင်းနေပြီး တိုက်ရိုက်ဖြေကြားခြင်းကို ရှောင်ကြဥ်သလို သိမ်မွေ့စွာခေါင်းညိတ်ပြကာ ပြောကြားလာ၏။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now