Chapter 23

575 105 1
                                    

သူကျွန်တော့်ကိုပြန်ကြိုက်လာစေချင်တယ်

ရုန်ရှောင်းတစ်ယောက် ယင်ရှန်းသို့မလာသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာသွားပြီ ဖြစ်သည်။ နတ်ဆိုးများအတွက်မူ နှစ်ပေါင်းတစ်ရာဆိုသည်မှာ မျက်တောင်တစ်ချက်ခတ်စာပင်ရှိသည်။ သိုငြား ယင်ရှန်းက ဤနှစ်ပေါင်းများစွာ အတွင်း ပြင်ပကမ္ဘာနှင့် ကူးလူးဆက်သွယ်မှုများ ရှိခဲ့ရာ ကမ္ဘာလှည့်ခရီးသည်များစိတ်ဝင်စားရာ နေရာအဖြစ်သို့ပင် တိုးတက်လာခဲ့ပြီဖြစ်သည်။

မနက်စာစားနေစဥ် ဝမ်ယန့်သည် အနားရှိ နတ်ဆိုးလေးတစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။

"ဒီမှာ ဘယ်လိုပျော်စရာကောင်းတာတွေရှိလဲ။ လူသားလောကနဲ့ ကွာခြားတာရှိလား"

ဝမ်ယန့်မေးလိုက်သည်။

နတ်ဆိုးလေးသည် ဖီးနစ်ဌက်မျိုးနွယ်စုမှ ယာဇ်နတ်ဆရာမလေးဖြစ်ပြီး မျက်နှာဝိုင်းဝိုင်း၊ အနီရောင် ဆံပင်ရှည်ရှည်ရှိ၍ စကားကို တဲ့တိုးပြောတတ်သည်။

"ဒီကရှုခင်းနေရာတွေက နိုင်ငံခြားသားခရီးသွားတွေကို လှည့်စားဖို့သုံးထားတာ။ မြစ်တွေ ၊တောင်တွေက လူသားကမ္ဘာနဲ့ တူတူပဲ။ဒါပေမဲ့ ညနေကျရင် ငှက်မွေးနတ်ဘုရားပွဲတော်က စီတန်းလှည့်လည်ဦးမှာ ။အရမ်းပျော်စရာကောင်းတယ် မင်းကြည့်ကြည့်လိုက်။အပြင်လောကက နတ်ဆိုးတွေကတော့ ဝင်နွှဲတာမျိုး ရှားတယ်။ စီတန်းလှည့်လည်ပွဲပြီးရင် ရေသူအဖွဲ့ရဲ့ အဆိုအကလာမှာ"

ဖီးနစ်နတ်ဆိုးလေးသည် ပါးစပ်တစ်ချက်အဟဖြင့် သူတို့ဒေသ ခရီးသွားစီးပွားရေးအား ဒုတ်ဖြင့်ထိုးလိုက်ချေလေပြီ။

''ငါတို့မှာ တခြားပစ္စည်းကောင်းလေးတွေလည်း ရှိပါသေးတယ်။ ကျောက်စိမ်းလို ၊ စောင့်ဆိုင်းခြင်းသစ်ပင်ရဲ့ သစ်ကိုင်းလို မျိုး အရာတွေအများကြီးပဲ။ တချို့ကို မင်းယူသွားလို့ရတယ်နော် ''

ဝမ်ယန့် ကြားရတာ အတော်ဝမ်းသာသွား၏။ ဖီးနစ်ဌက်ငယ်လေးသည်လည်း သူ့လို လေအိုးတစ်ယောက်ပင်။ နှစ်ဦးသားသည် တမနက်ခင်းလုံး ပေါက်ပေါက်ဖောက် စကားပြောနေခဲ့ကြသည်။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now