Chapter 3

1K 175 4
                                    

ပြောင်းရွေ့ခြင်း

ဝမ်ယန့်သည် မနက်ဖြန်ပြောင်းလာဖို့ရန်ရည်ရွယ်လျက် အလွန်တက်ကြွနေသော်လည်း ချောင်ရှန်းနှင့် အိမ်တော်ထိန်း၏ ဆွေးနွေးချက်ရလဒ်အရ နောက်သုံးရက်အကြာမှ ပြောင်းလာရန်က ပို၍ အဆင်ပြေသည်ဟူ၍။ သူတို့က ပြန်လည်ပြင်ဆင်ရန်နှင့် သန့်ရှင်းရေးလုပ်ရန် လိုအပ်သေး၍ပင်။

ထို့နောက် ချောင်ရှန်းနှင့် ဝမ်လီကျန်းသည် ယဥ်ကျေးစွာ နှုတ်ဆက်စကားဆိုလိုက်ကြသည်။

ရုန်လူကြီးမင်း၏အကူအညီအား လေးစားသမှုဖြင့် ကျေးဇူးတင်စကားဆိုပြီးနောက် သူတို့က ဒုက္ခအိုးသားအား အဝေးသို့ ဆွဲထုတ်သွားကြ၏။

ဝမ်ယန့်က ခုခံကာကွယ်မနေတော့ပေ။ ချက်ပြီးသား ဘဲသားသည် ပျံနိုင်မည်မဟုတ်တော့။ သူအိမ်ပြောင်းလာပြီးလျှင် ရုန်လူကြီးမင်းနှင့် အတူရှိရတော့မည်ဖြစ်ရာ ဘာကို စိုးရိမ်နေရဦးမည်နည်း ?

သူသည် သူ့မိဘများနှင့်အတူ ကားဆီသို့ ပြန်လာခဲ့သည်။ ခြံဝန်းအား ဖြတ်လာပြီးနောက် သူလှည့်ကြည့်လိုက်သော် ရုန်ရှောင်းက ပြတင်းပေါက်အနောက်မှ သူ့အားကြည့်နေသည်ကို သတိပြုမိသွားသည်။ ညနေခင်း ဆည်းဆာရိပ်က ရုန်ရှောင်း၏မျက်နှာအား မထင်မရှားဖြစ်နေစေသော်လည်း အသက်ရှူမှားလောက်အောင် လှပနေသေးသည်ပင်။

သူသည် ရုန်ရှောင်းထံသို့ အသည်းပုံသဏ္ဍာန်လက်ဟန်ပြပြီး စနောက်လိုက်သည်။

သို့သော်လည်း ထိုပုံရိပ်အား ပြသပြီး နောက် စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ့မိဘရင်းများမှ ကားထဲ ကန်သွင်းသည်ကို ခံလိုက်ရ၏။ 

ပြတင်းပေါက်အနောက်မှ ရုန်ရှောင်းသည် စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်လိုက်၏။ သူ၏လက်ညှိုးနှင့်လက်မအား အတူစုကိုင်ထားပြီး အိမ်တော်ထိန်းအား မေးလိုက်သည်။

‘’ အဲ့တာက ဘာအဓိပ္ပါယ်လဲ?  ‘’

အိမ်တော်ထိန်းသည် ဝတ်ကျေတမ်းကျေဖြင့် သူ၏သခင်အား ရှင်းပြလာသည်။ 

‘’ သူပြောတာက ‘ခင်ဗျားကိုချစ်တယ် ‘တဲ့ ‘’

ရုန်ရှောင်း: ‘’…………………’’

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now