ကပွဲ
ရုန်ရှောင်းရောက်မလာသေးခင်က ဝမ်ယန့်သည် ဆိုဖာထောင့်တွင်ထိုင်ကာ သူ့အချစ်ဇာတ်လမ်း၏ ခါးသက်မှုအား ရှန်ပိန်တစ်ခွက်နှင့် မြောချနေသည်။
သို့သော်လည်း ရုန်ရှောင်းက သူ့ရှေ့၌ အမှန်တကယ်ပေါ်ထွက်လာသော် မျက်တောင်ခတ်ရင်း ရုန်ရှောင်းအား ကြည့်လာသည်။
သို့ငြား သူနည်းနည်းလန့်နေသည်။ ရုန်ရှောင်း၏အကြည့်များသည် ငယ်ငယ်ရွယ်ရွယ်နှင့်ရည်းစားထားသည့်ကျောင်းသားများအား အမိဖမ်းလေ့ရှိသည့် စူးရှပြီးလေးနက်သည့် အကြည့်များရှိသည့် အထက်တန်းကျောင်းအုပ်အား အမှတ်ရစေပြီး မသိလျှင် အကြည့်များက တစ်ကိုယ်လုံးကို ပေါက်ထွက်မတက်ပင်။
ဝမ်ယန့်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ဆိုဖာနောက်ကျောကိုမှီပြီး သူ့အား စိတ်ရှုပ်နေသလို ကြည့်လာသည်။
'' ခင်ဗျား ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ? ''
အမှန်ပင် သူ ပဟေဠိ ဖြစ်နေသည်။
ရုန်ရှောင်းရောက်လာဖို့ သူတကယ်ပဲ မမျှော်ထားပေ။ သူသည် အမည်ခံအရ ရုန်ရှောင်းနှင့်စေ့စပ်ထားသူ ဖြစ်သော်လည်း ရုန်ရှောင်းအတွက်မူ တစ္ဆေဘုရင်နှင့် ညှိနှိုင်းခြင်းကိစ္စအား လက်လွတ်ရလာက်သည်အထိ လုံလုံလောက်လောက် အရေးပါမနေချေ။
ရုန်ရှောင်းက သူ့အား အေးစက်စက်ကြည့်သည်။
'' ကိုယ့်ကို လာဖို့မင်းမတောင်းဆိုခဲ့ဘူးလား? မင်းပြောတော့ မင်းမှာ အကတွဲဖက်မရှိလို့ သူများအတွဲတွေကို ထိုင်ကြည့်နေရုံပဲ ဆို''
သူသည် ဝမ်ယန့်၏စကားများကို ဖြည်းဖြည်းချင်း ထပ်ပြောပြလာသည်။
ခုတော့ ဒါကကြည့်ရတာ အလိမ်အညာပင်။
သူဝင်လာစဥ်က တစ်ယောက်ယောက်သည် ဝမ်ယန့်နှင့် စကားစမြည်ပြောရန်ကြိုးစား နေသေးသည်ပင်။
သို့သော်လည်း သူ ရောက်လာခဲ့မိသည့်အတွက် ထူးထူးဆန်းဆန်း ဝမ်းသာမိသလို ခံစားရသည်။ စောနက ဝင်ပေါက်ဝ၌ စုံတွဲတစ်တွဲဟာ ပူးဝှေ့တိုးကပ်လျက် တစ်ယောက်နှင့်တစ်ယောက် မြိုချမတက် နမ်းရှုံ့နေခြင်းအား သူတွေ့ခဲ့ရသည်။ တကယ့်ကို မသင့်လျော်လှချေ။ဒီလို ညစ်ညမ်းသော နေရာမှာ သူဘယ်လိုလမ်းလွဲသွားမယ်ဆိုတာ ဝမ်ယန့် နားမလည်လောက်။
YOU ARE READING
တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)
Romanceစာရေးသူ : ထင်းရှုးသီးစေ့လက်ဖက်ရည် အမျိုးအစား : Fantasy, Romance,Slice of life,Supernatural,Yaoi