မြင်မြင်ချင်းအချစ်
စက်တင်ဘာလတွင် လေအေးပေးစက်ဖွင့်ထားသည့်တိုင် ရာသီဥတုက ပူအိုက်လှ၏။ စာသင်ခန်းထဲတွင် လူဒါဇင်နှင့်ချီ၍ရှိနေရာ အပူချိန်က မခံမရပ်နိုင်အောင်ပင်။
ဝမ်ယန့်သည် စားပွဲခုံပေါ်မှောက်လိုက်ရင်း အတန်းပိုင်ဆရာ၏အဖွင့်မိန့်ခွန်းကို နားတစ်ဖက်ကဝင် တစ်ဖက်ကထွက်ဖြင့် နားထောင်နေရင်း ခုံအောက်ထဲရှိ မုန့်ထုတ်ကို တိတ်တိတ်လေး ခိုးဖောက်လိုက်သည်။
ယနေ့က သူတက္ကသိုလ်မှာ ကျောင်းအပ်သည့် ပထမဆုံးနေ့ဖြစ်သည်။ အထက်တန်းကျောင်းခန်းမမှ လွတ်မြောက်လာ၍ နွေရာသီအားလပ်ရက် ရလိုက်ရုံရှိသေး နောက်ဆုံးမှာ စာသင်ခန်းသို့ပြန်ရောက်လာပြန်သည်။ သူ့ခေါင်းကနေ ခြေအဆုံးရေးထားသည့်နှယ်ဖြစ်နေသည်က ကြံ့ကြံ့ခံထားသည်ဟူ၍။
ပို၍အရေးကြီးသည်က .......ဝမ်ယန့် မုန့်ကို တမြုံ့မြုံ့ဝါးရင်း အတန်းထဲရှိ သူ့မျက်လုံးအားဖမ်းစားနိုင်မည့် ကောင်ချောလေးတစ်ယောက်အား တွေ့လိုတွေ့ငြား ရှာဖွေကြည့်နေမိသည်။ မည်သူမှ မရှိကြောင်း သိလိုက်ရပြီးနောက်တွင်တော့ ပြန်လှဲချလိုက်၏။
'' တက္ကသိုလ်မှာ ကောင်ချောလေးတွေရှိတယ်လို့ ငါ့ကို ဘယ်သူညာတာလဲ? ငါတော့ အခုထိ တစ်ယောက်မှကိုမတွေ့သေးဘူး ''
သူသည် ဘေးနားရှိတစ်ယောက်အား ညည်းညူပြလိုက်သည်။
"မိန်းမလှလေးတွေချည်း တွေ့နေရတယ်လို့"
ကံဆိုးစွာနှင့် မိန်းမလှလေးများအပေါ် သူ၏သဘောကျမှုက အတိုင်းအတာတစ်ခုအထိသာ ဖြစ်သည်။
သူ့ဘေးနား၌ ထိုင်သူက
ငယ်စဥ်တောင်ကျေးဘဝကတည်းက သူနှင့် သူငယ်ချင်းဖြစ်လာသူ လီကျန်း ဖြစ်ပြီး အထက်တန်းအတူတက်ခဲ့တာ တက္တသိုလ်ရောက်သည်အထိ အတန်းဖော်ဖြစ်နေဆဲပင်။ သူတို့၏ကံကြမ္မာက နက်ရှိုင်းလွန်းလှပြီး သူငယ်ချင်းသံယောဇဥ်က ခိုင်မာလှသည်ဟု ပြောနိုင်သည်။လီကျန်းက သူရေရွတ်ပြောဆိုနေသည်ကို ကြားသော် သူ့အား သနားညှာတာမနေချေ။
YOU ARE READING
တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)
Romanceစာရေးသူ : ထင်းရှုးသီးစေ့လက်ဖက်ရည် အမျိုးအစား : Fantasy, Romance,Slice of life,Supernatural,Yaoi