Chapter 19

726 130 2
                                    

ဖိတ်ကြားချက်

ဝမ်ယန့်သည် ရုန်ရှောင်းနှင့် ဒိတ်လုပ်ခြင်းအဆုံးသတ်ပြီး သွားကတည်းက နောက်ဆက်တွဲကိစ္စတွေက သိသာလာခဲ့သည်။

ရက်အတော်ကြာအောင် ဆက်တိုက်ပင် သူသည် ရုန်ရှောင်းအားတမင်တကာ ရှောင်ဖယ်နေခဲ့ပြီး စားပွဲတစ်ခုတည်း အတူထိုင်နေချိန်မှာတောင် မော့ကြည့်တာမျိုးရှားပါးသည်။ ရံဖန်ရံခါ အကြည့်ချင်းဆုံမိပါက နို့ခွက်များတောင်မတော်တဆ မှောက်ကျသွားတတ်သေးသည်။

အချိန်အတော်ကြာပြီးနောက် အိမ်တော်ထိန်းပင်လျှင် တစ်ခုခုလွဲနေပြီကို သတိပြုမိလာသည်။

ဝမ်ယန့်ကျောင်းသွားသည့်အချိန်ကို အခွင့်ကောင်းယူပြီး အိမ်တော်ထိန်းသည် ရာဇဝတ်ကောင်အားဖမ်းမိသလို မျက်နှာထားနှင့် လက်ပိုက်ပြီး ရုန်ရှောင်းကို ကြည့်လိုက်သည်။

'' သခင်ကြီး....ဝမ်ယန့်ကို ဘာလုပ်လိုက်တာလဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ သူက ခင်ဗျားကို ကြွက်လေးတစ်ကောင်လို ရှောင်နေတော့တာပဲ ''

ရုန်ရှောင်းက မကျေမနပ်ဖြစ်နေလျက် သူ့မျက်နှာထားက အေးစက်နေ၏။

'' မင်းပြောနေတာ ပြောင်းပြန်ကြီး။ သူငါ့ကို ဘာလုပ်သွားသလဲလို့ မေးရမှာ။''

အိမ်တော်ထိန်းက ထိုစကားတစ်လုံးကိုမျှ မယုံပေ။

သူသည် ''အရှက်ရှိစမ်းပါ'' ဟူသောစကားလုံးများကို ချက်ချင်းမြိုသိပ်လိုက်ပြီး ရုန်ရှောင်းအား ပြုသင့်သည်ကိုပြုရန်သာ သတိပေးလိုက်သည်။

''ဝမ်ယန့်က အခုထိ ဆယ့်ရှစ်နှစ်မပြည့်သေးတဲ့ အကာအကွယ်မဲ့လူသားတစ်ယောက်ပါဗျာ။ ''

နှစ်ပေါင်းရှစ်ရာလောက် ကျင့်ကြံလျှင်တောင် ဝမ်ယန့်သည် နတ်ဆိုးလောက၏ အထူးချွန်ဆုံး တိုက်ခိုက်ရေးသမား ရုန်ရှောင်းအား ရင်ဆိုင်နိုင်ဖွယ်မရှိချေ။

ရုန်ရှောင်း: ''..........''

သူသည် ဆက်လက်ပြီး ငြင်းခုံခြင်း မပြုနိုင်တော့။

အဆုံးတွင်တော့ သူသည် ရိုးရှင်းပြီး ရက်စက်ကြမ်းကြုတ်သည့် လစာဖြတ်တောက်မည့် ခြိမ်းခြောက်မှုကိုသာ ပြုလုပ်နိုင်ခဲ့ပြီး ယုံပုဝမ့်အား ဥယျာဥ်ထဲသို့ စေလွှတ်ရတော့သည်။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now