Chapter 13

981 135 1
                                    


အလုပ်ကိစ္စဖြင့် ခရီးထွက်ခြင်း

ဝမ်ယန့်သည် ခုညတော့ အလွန်စိတ်လှုပ်ရှားလွန်ပြီး အိပ်မပျော်လောက်တော့ဟု တွေးလိုက်သည်။ ရုန်ရှောင်းဟာ ခုနေ့ည၌ အတော်လေး ရိုမန့်ဆန်လှသည်မှာ အိမ်မက်အလားပင်။ ကပွဲကြမ်းပြင်အလယ်မှာ ရပ်နေစဥ်က သူ့ပုံစံဟာ အလွန်ချောမောတင့်တယ်ပြီး မိမိုက်လှသည်။ဓါတ်ပုံအဖြစ် ပရင့်ထုတ်ကာ ဘောင်သွင်းထားဖို့တောင် ထိုက်တန်လှသည်။

သို့သော်လည်း တကယ့်တကယ်တွင်မူ အိပ်ရာထက် လဲချလိုက်သည်နှင့် သူ့မျက်ခွံများ စတင်လေးလံလာတော့သည်။

စောနလေးကမှ အိမ်တော်ထိန်းပြင်ဆင်ပေးထား သည့် ညလယ်စာကို စားထားတာဖြစ်ရာ ဗိုက်တွင်းမှာ နွေးနေသည်။ အပြင်ဘက်ရှိ မိုးဖွဲလေးများကလည်း တဖြည်းဖြည်းနှင့် မုန်တိုင်းကဲ့သို့ ရွာချလာပြီး ပြတင်းပေါက်အား လာရောက်ထိမှန်သည့် မိုးရေစက်များ၏အသံက အိပ်မွေ့ချနေသလိုပင်။

သူ တစ်ချက်သမ်းလိုက်ကာ ရုန်ရှောင်းသူ့အားပေးခဲ့သော မီးနီရောင်ပန်းအား အိပ်ရာနံဘေးတွင် ထားလိုက်သည်။

ပန်းကိုသူကြည့်သော်လည်း ဘယ်ပန်း အမျိုးအစားဆိုသည်ကို သူမသိချေ။ ဤကမ္ဘာပေါ်တွင်မရှိသည့် ပန်းအမျိုးအစားဟု ထင်ရ၏။

ရုန်ရှောင်းဟာ သစ်သားဒြပ်စင်နတ်ဆိုးတစ်ကောင်ဖြစ်ရာ မဟုတ်မှ သူ့သစ်ပင်ကနေ ပေါက်လာသော ပန်းများဖြစ်လေမလား.......။

သို့သော်လည်း အဖြေမထုတ်ရခင်မှာပင် အပြင်ဘက်ရှိ မိုးရွာသွန်းသံများကြောင့် တဖြည်းဖြည်းနှင့်အိပ်မောကျသွားလေသည်။

သူအိပ်မက်တစ်ခုမက်ခဲ့၏။

သူ၏အိပ်မက်ထဲတွင် သူသည် နေမင်းကိုပင် ပိတ်ကွယ်မတက် မြင့်မားသော သစ်ပင်တစ်ပင်အားတွေ့ခဲ့ပြီး တောရိုင်းထဲတွင် တစ်ကိုယ်ထီးတည်းရှိနေရာ အနားတွင် မြက်စမြက်နပင်လျှင်မရှိချေ။

ထိုသစ်ပင်တွင် အရွက်မရှိ၊ ထိုအစား အနီရောင်မီးတောက်များ အပြုံလိုက်ရှိနေကာ သစ်ကိုင်းများပေါ် ၌ ခုန်ပေါက်ကခုန်နေသည်မှာ ကောင်းကင်ကြီးအား မီးလောင်တိုက်သွင်းစေတော့ မလိုနှယ်။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now